Author Archives: Department of Disaster Management
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂-၅-၂၀၂၀) ရက်နေ့ (၁၀:၃၀)နာရီအချိန်မှ(၁၄:၃၀) နာရီအချိန်ထိမွန်ပြည်နယ် သထုံခရိုင်၊ သထုံမြို့နယ် ဝီယော်ကျေးရွာနှင့် မတ်ချကျေးရွာတို့တွင် COVID -19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် ဗီနိုင်းပိုစတာကပ်ခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_may2020 Source: သထုံရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၂၀)ရက်နေ့ (၈း၀၀)နာရီအချိန်မှ စတင်၍ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ လွှတ်တိုက်ကျေးရွာအုပ်စု၊ လွှတ်တိုက်ကျေးရွာ၊ မဒေါင်ကျေးရွာ၊ ကုက္ကိုလ်ကုန်းကျေးရွာအုပ်စု၊ ကုက္ကိုလ်ကုန်းကျေးရွာ၊ သံပုရာပင်စုကျေးရွာ၊ တကုန်းကျေးရွာနှင့် မြဘုံသာကျေးရွာများရှိ ပြည်သူများထံသို့ သွားရောက်ပြီး COVID-19နှင့်ပတ်သတ်၍ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_may2020 Source: ကန့်ဘလူရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အပူချိန်တိုင်းကိရိယာနှင့် ဗီနိုင်းပိုစတာများ ထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၂.၅..၂၀၂၀)ရက်နေ့တွင် ဗန်းမော်မြို့အတွင်းရှိ လီဆူနှစ်ခြင်းဘော်ဒါ IDPစခန်းတွင် အပူချိန်တိုင်းကိရိယာ (၁)ခု၊ ဗီနိုင်းပိုစတာ (၁)ခု နှင့် နှစ်-၂၀၀၀ (RC)IDPစခန်းတွင် အပူချိန်တိုင်းကိရိယာ (၁)ခု၊ ဗီနိုင်းပိုစတာ (၁)ခု၊ စုစုပေါင်း IDPစခန်း(၂)ခုတို့၌ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_may2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၅-၂၀၂၀)ရက်နေ့တွင် ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့နယ်၊ မန်ခေါက်ကျေးရွာ၊ မန်ကန်ကျေးရွာနှင့် အာပြောင်ကျေးရွာများတွင် COVID-19 ရောဂါကူးစက်ပျံ့နှံမှုများမဖြစ်ပွားစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်များကို မြန်မာဘာသာ၊ ရှမ်းဘာသာစကားများဖြင့် အသိပေးဟောပြောဆောင်ရွက်ခဲ့ကြေင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါအသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၅-၂၀၂၀) ရက်နေ့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ငပုအင်းကျေရွာနှင့် လွှစင်ကုန်းကျေးရွာတို့တွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား အသံချဲ့စက်များဖြင့် လှည့်လည်အသိပေးဟောပြောခြင်း၊ နံရံကပ်ပိုစတာ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_may2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ထိန်ကန်အုပ်စု၊ဆင်ကကျေးရွာတွင်(၂.၅.၂၀၂၀)ရက်နေ့ (၀၁း၁၀)နာရီအချိန်ခန့်တွင် မီးကြွင်းမီးကျန်မှတဆင့် သွပ်မိုး၊ထရံကာ လူနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၆)ဦးတို့ မီးဘေးသင့်ခဲ့ပြီး အဆိုပါမီးဘေးသင့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၀၀၀၀ဝိ/-)၊ မီးဘေးသင့်လူဦးရေ(၆) ဦးအတွက် ဆန်ရိက္ခာဖိုး(၇) ရက်စာ ရန်ပုံငွေ( ၁၂၆၀ဝိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၁၁၂၆၀ဝိ/-)နှင့် အိမ်ထောင်စု(၁)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးတို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ မီးဘေးသင့် ပြည်သူများလက်ဝယ်သို့အရောက် (၂-၅-၂၀၂၀) ရက်နေ့ညနေ(၁၄း၃၀)နာရီချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #mgy_may2020 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မုန်တိုင်း၏သက်ရောက်မှုကြောင့် လေပြင်းတိုက်ခတ်မှုများ မိုးကြိုးပစ်ခတ်ခြင်းများ ကြိုတင်ကာကွယ်နိုင်ရန် (၂-၅-၂၀၂၀)ရက်နေ့တွင် မင်းကင်းမြို့ ၊ ယာယီရွှေ့ပြောင်းဈေးရှိ ဈေးသူဈေးသားများအား လေဘေးလက်ကမ်းစာစောင်နှင့် မိုးကြိုးဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_may2020 Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ မင်းကင်းမြို့နယ်အတွင်း (၃၀-၄-၂၀၂၀) နေ့ဖြစ်ပွားသော လေဘေးတွင် ဘင်ကျေးရွာ၊ အုန္နဲဘုတ်ကျေးရွာ၊ အနောက်တောကျေးရွာရှိ ဘေးသင့်အိမ်ထောင်စု (၇)စု၊ လူဦးရေ (၂၇) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၁၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၅၆၇၀၀/-) ကျပ် စုစုပေါင်း(၂၆၆၇၀၀/-)ကျပ်တို့ကို (၂-၅-၂၀၂၀)နေ့တွင် သက်ဆိုင်ရာ ကျေးရွာများသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မင်းကင်းမြို့နယ်ဦးစီမှူးရုံး (ဘစမ) #ha_sgw #sgg_may2020
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၂၀) ရက်နေ့ နံနက်(၀၇:၀၀)အချိန်မှ စတင်ပြီး မကွေးမြို့နယ်၊ မြင်ကွန်း ကျေးရွာအုပ်စု၊ မြို့ဟောင်းရပ်၊ တောင်ရပ်၊ မြောက်ရပ်၊ မြို့မရပ်၊ လှည်းတန်းရပ်၊ သိမ့်ရပ်၊ ယာဉ်ပျံကျေးရွာနှင့် သပြေပင်ကျေးရွာများသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဦးစီးဌာနတို့နှင့်အတူ ပူးပေါင်း၍ ရပ်ကွက်/ ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လားရှိုးခရိုင်ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၂-၅-၂၀၂၀) ရက်နေ့တွင် လားရှိုးမြို့ နယ် ခါးရှိကျေးရွာ၊ မိုင်းမောကျေးရွာတို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို အသိပေးပန်ကြားခြင်းများကိုဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)
