Author Archives: Department of Disaster Management
-
နေပြည်တော်ကလေးပြုစုရေးဌာနတွင်စောင့်ရှောက်မည့် ကလေးငယ်များအတွက် အလှူရှင်များ၏လှူဒါန်းမှုကို ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး လက်ခံ
ဇန်နဝါရီ ၁၇ ၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော် ကလေးပြုစုရေးဌာနတွင် စောင့်ရှောက်မည့် ရင်ခွင်မဲ့ကလေးသူငယ်များအတွက် စေတနာရှင် များ၏ စုပေါင်းလှူဒါန်းမှုကို ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ ကလေးပြုစုရေးဌာန (နေပြည်တော်)စုပေါင်းခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချ ရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူ စုစုပေါင်း (၂၃)ဦးတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက … Read more
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁-၂၀၂၁) ရက်နေ့တွင် ချောက်မြို့၊ အမှတ်(၆ ၊ ၇ ၊ ၈ ၊ ၉ ၊ ၁၀) ရပ်ကွက်များနှင့် ရပ်ကွက်ဈေးဆိုင်တို့တွင် COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ Mask များ ဖြန့်ဝေပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_jan2021
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော နတ်မောက်မြို့နယ်၊ တမလန်းပင်ကျေးရွာအုပ်စု၊ အင်တော(ရွာသစ်)ကျေးရွာရှိ အိမ်ခြေ (၁၆၀) လုံး၊ အိမ်ထောင်စု(၁၇၂) စု၊ လူဦးရေ (၈၁၇) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆,၀၀၀) အား (၁၇-၁-၂၀၂၁) ရက်နေ့ (၁၁:၃၀) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီမှူးရုံးမှ (ဘစမ) #ha_drg #mgy_jan2021
-
School Cum Shelter တည်ဆောက်နေမှုူအား ကွင်းဆင်းစစ်ဆေးမှုသတင်း
လူမှုူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁-၂၀၂၁) ရက်နေ့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ အမျိုးသား သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ၊ အထက(ခွဲ) School Cum Shelter တည်ဆောက်မည့် မြေနေရာတွင် Soil Test ဆောင်ရွက်နေမှုနှင့် လုပ်ငန်းအတွက်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေအား ကျောင်းအုပ်ဆရာကြီး၊ ကျေးရွာမှတာဝန်ရှိသူများ၊ တင်ဒါအောင်ကုမ္ပဏီတို့နှင့်အတူ ကြည့်ရှုစစ်ဆေးမှုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #infra_dev #sgg_jan2021
-
လက်သန့်ဆေးရည်ဘူးများအား ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁-၂၀၂၁) ရက်နေ့တွင် သရက်မြို့နယ်၊ သုခရတနာလူမှုကူညီရေးအသင်းသို့ လက်သန့်ဆေးရည် (SSID) (၂၅)ဗူးကို ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_ar #mgy_jan2021
-
IDPs စခန်းများနှင့် နေရပ်ပြန်အိမ်ထောင်စုများအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁-၂၀၂၀) ရက်နေ့ နံနက်(၀၉:၃၀) အချိန်တွင် ဗန်းမော်မြို့နယ်အတွင်းရှိ နှစ်-၂၀၀၀ IDPs စခန်းမှ အိမ်ထောင်စု (၁၅)စု၊ လူဦးရေ(၈၃)ဦး၊ ရောဘက် IDPs စခန်းမှ အိမ် ထောင်စု(၆)စု၊ လူဦးရေ (၁၉)ဦး၊ မံစီမြို့နယ်အတွင်းရှိ မိုင်းခေါင်နှစ်ခြင်း IDPs စခန်းမှ အိမ်ထောင်စု (၅)စု၊ လူဦး ရေ(၂၄)ဦး၊ မိုင်းခေါင်ကတ်သလစ် IDPs စခန်းမှ အိမ်ထောင်စု (၁၆)စု၊ လူဦးရေ(၈၀)ဦးနှင့် ဆွေမျိုးနေအိမ်များမှ အိမ်ထောင်စု(၂)စု၊ … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၆-၁-၂၀၂၁) ရက်နေ့တွင် ချောက်မြို့၊ အမှတ်(၆၊ ၇၊ ၈၊ ၉၊ ၁၀)ရပ်ကွက်များနှင့် ရပ်ကွက်ဈေးဆိုင်တို့တွင် COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း၊ Mask များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_jan2021 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး
-
ပိုးကျပျက်စီးမှုကြောင့် အခက်အခဲကြုံတွေ့နေသောပြည်သူများအတွက် ဆန်ရိက္ခာထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ (၁၄-၁-၂၀၂၁) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်ရှိ ပြောင်းခင်းများ ပိုးကျပျက်စီးမှုကြောင့် အခက်အခဲကြုံတွေ့နေရသော ဒေသခံပြည်သူများအား ဆန်ရိက္ခာထောက်ပံရန် မြို့နယ်အစည်းအဝေးခန်းမ၌ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က အဖွင့်အမှာစကား ပြောကြားပြီး ညွှန်ကြားရေးမှူးမှ ထောက်ပံ့မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ၎င်းနောက် ကျေးရွားအုပ်စု(၁၇)စုမှ အိမ်ထောင်စု(၉၅၉)စု၊ လူဦးရေ (၆,၇၈၉) ဦးတို့အတွက် ဆန်ရိက္ခာ(၂)လစာ (၄,၂၄၃) အိတ်၊ (၃)ပြည်အား သက်ဆိုင်ရာမြို့နယ်နှင့် ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
ကျောက်တန်းမြို့နယ်COVID-19ကော်မတီဥက္ကဌထံသို့ ဓါတ်ဆားထုပ်များ၊ Mask များနှင့် လက်သန့်ဆေးရည်များ လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ရန်ကုန်တောင်ပိုင်းခရိုင် ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် (၁၅-၁-၂၀၂၁) ရက်နေ့တွင် ကျောက်တန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီဥက္ကဌထံသို့ ဓါတ်ဆားထုပ် (၇,၀၀၀) ထုပ်၊ Mask (၅၀)ခုပါ (၁၀၀)ဗူး၊ လက်သန့်ဆေးရည် (500 ml)၅၀ ဗူးနှင့် (50ml) ၅၀ဗူး စုစုပေါင်း (၁၀၀)ဗူး တို့အား ကျောက်တန်းမြို့နယ်ရှိ Quarantine Center များအတွက် သွားရောက် လှူဒါန်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး … Read more
-
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးတို့အတွက် တည်ဆောက်ထားသည့် အခြေခံအဆောက်အဦများ ရေရှည်ကြံ့ခိုင်ရေးနှင့် ပြန်လည်နေရာ ချထားရေးဆိုင်ရာကိစ္စရပ်များညှိနှိုင်း
ဇန်နဝါရီလ ၁၅ ၊ နေပြည်တော် ရခိုင်ပြည်နယ်အတွင်းနေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချ ထားရေးတို့အတွက် တည်ဆောက်ထားသည့် အခြေခံအဆောက်အဦများ၏ လက်ရှိအခြေ အနေနှင့် ရေရှည်ကြံ့ခိုင်ရေးကိစ္စရပ်များ၊ ပြန်လည်နေရာချထားရေးဆိုင်ရာကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ Virtual Meeting ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးခင်မောင်တင်၊ နယ်စပ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးဗိုလ်ချုပ်ဖုန်းမြတ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးအောင်၊ ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ပြည်နယ်ဝန်ကြီး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ လူမှုဝန်ထမ်း၊ … Read more
