Author Archives: Department of Disaster Management
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀)ရက်နေ့၌ မင်းဘူး(စကု)မြို့နယ်၊ ဇီးအိုင် ကျေးရွာအုပ်စု၊ တဲကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀,၀၀၀/-)ကျပ်၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆,၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၆,၃၀၀/-)ကျပ်အား (၁၈-၅-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #mgy_may2020
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာအုပ်စု၊ တဲတန်းကျေးရွာတွင် (၁၆-၅-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်အိမ်ခြေ(၆)လုံး၊ ၎င်းအိမ်ထောင်စု (၆)စုရှိ မိသားစုဝင်(၂၆)ဦးနှင့် သာသနိကအဆောက်အဦ(၂)လုံးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀၀၀၀/-)ကျပ် ကိုလည်းကောင်း၊ သာသနိကအဆောက်အဦ(၂) လုံးအတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀/-) ကျပ်နှင့် ဘေးသင့်လူဦးရေး (၂၆) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၅၄၆၀၀/-) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၈၅၄၆၀၀/-)ကျပ်တို့ကို (၁၈-၅-၂၀၂၀) ရက်နေ့ (၁၅:၀၀) နာရီချိန်တွင် … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀)ရက်နေ့တွင် နမ့်စန်မြို့နယ်၊ ခိုအွတ်ကျေးရွာ အုပ်စုနှင့် မက်မွန်မုန်းကျေးရွာအုပ်စုတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် ပျက်စီးသွားခဲ့သော လူနေအိမ် (၂)လုံး၊ ဘာသာရေးကျောင်း(၁)ကျောင်း တို့အတွက် အိမ်ဆောက်/ကျောင်းဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၅၂၀၀၀/-)ကျပ်နှင့် (၁၄-၅-၂၀၂၀)ရက်နေ့(၂၁:၃၀)အချိန်တွင် ကွန်ဟိန်းမြို့၊ အမှတ်(၁၊၃၊၄၊၅)တို့တွင် မိုးသက် လေးပြင်းနှင့်အတူ မိုးသီးကြွေကျခြင်း တို့ကြောင့် လူနေအိမ်(၆)လုံး၊ ဘာသာရေးကျောင်း(၁)ကျောင်းတို့အတွက် ကျောင်း/အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံငွေ(၅၉၁၀၀၀/-)ကျပ်တို့ကို (၁၈-၅-၂၀၂၀)ရက်နေ့ ( ၁၆:၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး(ဘစမ) … Read more
-
သောက်သုံးရေလှူဒါန်းခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ (၁၈.၅.၂၀၂၀)ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအုပ်စု၊ ဒီးကူးလယ်ကျေးရွာနှင့် ဒိုးပရယ်ကျေးရွာအုပ်စု၊ ထီးဒူးခူကျေးရွာများသို့ သောက်သုံးရေဂါလံ(၁၄၀၀)စီအား သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_may2020 Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေလှူဒါန်းခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှ (၁၈.၅.၂၀၂၀)ရက်နေ့တွင် ဘောလခဲမြို့နယ်၊ ဘူးခူကျေးရွာအုပ်စု၊ ဘူးခူ (ထားလဲ)သို့ သောက်သုံးရေဂါလံ(၁၆၀၀)အား သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_may2020 Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မယ်စဲ့မြို့နယ်ဦးစီးမှူးရုံးမှ ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ ဟိုဂျစ်ကျေးရွာအုပ်စု၊ ဟိုဂျစ်ကျေးရွာ၌ (၁၅.၅.၂၀၂၀)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၃)လုံး အမိုးလန်ပျက်စီးခဲ့ရာ ဘေးသင့်အိမ်ထောင်စု(၃)စု၊ လူဦးရေ(၂၆)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၈၈၀ဝိ/-)နှင့် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၅၄၆၀ဝိ/-)၊ စုစုပေါင်း(၂၆၃၄၀ဝိ/-)ကို (၁၈.၅.၂၀၂၀)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #kyh_may2020 Source: မယ်စဲ့မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
စူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်(AMPHAN)နှင့်ပတ်သက်၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်
ရက်စွဲ- ၁၈- ၅- ၂၀၂၀ (၁၃:၃၀) မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဉီးစီးဌာန၏ (၁၈-၅-၂၀၂၀)နေ့ နေ့လယ်(၁၃:၃၀)အချိန် ထုတ်ပြန်သည့် စူပါဆိုင်ကလုန်းမုန်တိုင်း သတင်းအမှတ်စဉ်(၁၄/၂၀၂၀)အရ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) အမ်ဖန် (AMPHAN) သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်း လာကာ စူပါဆိုင်ကလုန်းမုန်တိုင်း( Super Cyclonic Storm) အမ်ဖန် (AMPHAN)အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ စူပါဆိုင်ကလုန်းမုန်တိုင်း (Super … Read more
-
ထုံးအိတ်၊ ဆပ်ပြာနှင့် အပူချိန်တိုင်းကိရိယာထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၂၀) ရက်နေ့၊ နံနက် (၁၄း၀၀)နာရီအချိန်တွင် ရွှေကူမြို့၊ ကက်သလစ်I DPစခန်း၊ အိမ်ထောင်စု (၄၂)စု၊ လူဦးရေ (၁၇၆)ဦးတို့အတွက် ထုံး(၁၀)အိတ်၊ အပူချိန်တိုင်းကိရိယာ(၁)ခု၊ ဆပ်ပြာ(၁၇၆)ခဲ၊ ဘေစင်(၁)စုံ၊ လက်သန့်ဆေးရည်(၈၄)ဗူး၊Hand Speaker(၁)ခု၊ Memory Stick(၁)ခုနှင့် အဝတ်Mask (၃၅၂)ခုစသည်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရွှေကူမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kcn_may2020
-
(COVID-19) ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၂၀) ရက်နေ့ နံနက် (၀၇:၀၀) နာရီအချိန်မှ စတင်ပြီး မြို့သစ်မြို့နယ်၊ အိုင်သာကျေးရွာ၊ ညောင်ဇင် ကျေးရွာ၊ ဖုတ်ကုန်းကျေးရွာနှင့် ယင်းဆိပ်ကျေးရွာများသို့ လှည့်လည်ပြီး COVID -19 ကူးစက် ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တို့နှင့်အတူ ပူးပေါင်း၍ ရပ်ကွက်/ ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ IDPs စခန်းများ၌ handgel၊ Maks များပေးအပ်ခြင်းနှင့် ဗီနိုင်းပိုစတာကပ်ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လှုမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ဆက်ဦးစီးဌာန၊ ကျန်းမားရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာအမျိုးသမီးရေးရာအဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၇.၅. ၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်း IDP(camps) (၅)ရပ်ကွက်နှစ်ခြင်းအသင်းတော်ရုံး အိမ်ထောင်စု (၅၆)၊ လူဦးရေ(၂၆၅)၊ (၆)ရပ်ကွက် မူကြိုကျောင်း အိမ်ထောင်စု(၃၈)၊ လူဦးရေ(၁၈၇)၊ စုစုပေါင်းအိမ်ထောင်စု(၉၄)စု၊ လူဦးရေ(၄၅၂)ဦးတို့အတွက် လူတစ်ဦးလျှင် masks(၂)ခု နှုန်း၊ အိမ်ထောင်စုတစ်စုလျှင် ရေမလိုလက်သန့်ဆေးရေ(Hand Gel) (၂)ဗူးနှုန်း ဖြင့် စုစုပေါင်းmask(၉၀၄)ခု၊ ရေမလိုလက်သန့်ဆေးရေ(Hand Gel) (၁၈၈)ဗူးတို့ကို ထောက်ပံ့ပေးခဲ့ပြီး အဝတ်masksနှင့်ပက်သက်၍ … Read more
