လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လှုမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ဆက်ဦးစီးဌာန၊ ကျန်းမားရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာအမျိုးသမီးရေးရာအဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၇.၅. ၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်း IDP(camps) (၅)ရပ်ကွက်နှစ်ခြင်းအသင်းတော်ရုံး အိမ်ထောင်စု (၅၆)၊ လူဦးရေ(၂၆၅)၊ (၆)ရပ်ကွက် မူကြိုကျောင်း အိမ်ထောင်စု(၃၈)၊ လူဦးရေ(၁၈၇)၊ စုစုပေါင်းအိမ်ထောင်စု(၉၄)စု၊ လူဦးရေ(၄၅၂)ဦးတို့အတွက် လူတစ်ဦးလျှင် masks(၂)ခု နှုန်း၊ အိမ်ထောင်စုတစ်စုလျှင် ရေမလိုလက်သန့်ဆေးရေ(Hand Gel) (၂)ဗူးနှုန်း ဖြင့် စုစုပေါင်းmask(၉၀၄)ခု၊ ရေမလိုလက်သန့်ဆေးရေ(Hand Gel) (၁၈၈)ဗူးတို့ကို ထောက်ပံ့ပေးခဲ့ပြီး အဝတ်masksနှင့်ပက်သက်၍ စနစ်တကျအသုံးပြုနည်း၊ ဗီနိုင်းပိုစတာ ကပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_may2020
Source: ကွက်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)