Author Archives: Department of Disaster Management

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၂၀)ရက်နေ့တွင် အုတ်ဖိုမြို့နယ်၊ ယသင်မန်းကုန်းကျေးရွာ ၊ကျွန်းကုန်းကျေးရွာ၊ မကျီးပင်ကျေးရွာ၊ သရက်တပင်ကျေးရွာ၊ လင်းလွန်းပင်ကျေးရွာ၊‌ အေးမြသာယာကျေးရွာ၊‌ ထောက်ကြံကွင်းကျေးရွာ၊ ဂုံညင်းတန်း‌ကျေးရွာတို့တွင် (COVID – 19)ရောဂါကူးစက် ပျံ့နှံ့မှုများနှင့်ပတ်သက်၍ ပြည်သူများထံသို့ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: ပဲခူးတိုင်း‌ဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #bgo_may2020

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၂၀) ရက်နေ့၊ နံနက်(၈:၃၀)အချိန်တွင် တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့၊ အမှတ်(၃)ရပ်ကွက်၌ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ခြေ(၁)လုံး၊အိမ်ထောင်စု(၁)စုအတွက်ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး(၁)အိမ်ထောင်စာ၊ဘေးသင့်လူဦးရေ (၁၀)ဦး အတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၁၀၀၀/-) ကျပ် ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀/-)ကျပ်၊စုစုပေါင်းထောက်ပံပေးအပ်ငွေ (၂၂၁၀၀၀/-) ကျပ် အား (၂၂-၅-၂၀၂၀) ရက်နေ့၊ ညနေ(၁၅၃၀)အချိန်တွင် တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ဘေးသင့်ပြည်သူထံသို့ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_fir … Read more

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ သပြေပင်ကျေးရွာအုပ်စု၊ သိမ်ကုန်း ကျေးရွာရှိ အိမ်ခြေ (၁၁၁) လုံး၊ အိမ်ထောင်စု (၁၁၉)စု၊ လူဦးရေ(၄၄၈)ဦးတို့အတွက် သောက်သုံးရေဂါလံ (၃၆၀၀)အား (၂၂-၅-၂၀၂၀)ရက်နေ့၊ (၁၆:၀၀) အချိန်တွင် ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်း၊ လူငယ်လုပ်ငန်းအဖွဲ့တို့နှင့်ပူးပေါင်းကာသွားရောက် ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #mgy_may2020

  • မုန်တိုင်းအသိပညာပေး ဗီနိုင်းပိုစတာများ စိုက်ထူခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၂၀) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် မုဒုံမြို့နယ်အတွင်း သဘာဝဘေးဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေး ပြည်သူများအား သဘာဝဘေးအသိပညာဗဟုသုတများ ရရှိစေရန်နှင့် ဆောင်ရန်/ ရှောင်ရန်အချက်များကို သိရှိနိုင်စေရန် မုဒုံမြို့နယ်၊ ကန်ကြီးဘုရားရှေ့၊ သာသနာ့ဗိမ္မာန်အနီးတွင်စိုက်ထူထားသော အလျား (၉ ) ပေ၊ အနံ (၆) ပေရှိ မုန်တိုင်းဘေး အသိပညာပေး ဗီနိုင်းပိုစတာ စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်   #ar #mon_may2020 Source:       မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၅-၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ လိုဘာခိုကျေးရွာအုပ်စု၊ လိုဘာခိုကျေးရွာ၊ ဟိုဝမ်ကျေးရွာအုပ်စု၊ ဟိုဝမ်အထက်ကျေးရွာနှင့် ဟိုဝမ်အောက်ကျေးရွာ၊ ဝါဘန်းပလို့ကျေးရွာအုပ်စု၊ ထီးလသူးခိုကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_may2020 Source:           ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

  • မုန်တိုင်းဘေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် ရေးမြို့နယ်အတွင်း သဘာဝဘေးဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေး ပြည်သူများအား သဘာဝဘေးအသိပညာဗဟုသုတများ ရရှိစေရန်နှင့် ဆောင်ရန်/ ရှောင်ရန်အချက်များကို သိရှိနိုင်စေရန် ရေးမြို့နယ်၊ သီရိနန္ဒာရပ်ကွက်၊ တပ္ပလင် နှစ်ဆူလမ်းဆုံထောင့်တွင် စိုက်ထူထားသော အလျား (၉ ) ပေ၊ အနံ (၆) ပေရှိ မုန်တိုင်းဘေး အသိပညာပေး ဗီနိုင်းပိုစတာအား တပ်ဆင်စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_str #mon_may2020 … Read more

  • လေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၂၀)ရက်နေ့၊ (၁၆း၃၀) နာရီအချိန်၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ကျေးရွာအုပ်စု(၂)စု၊ ကျေးရွာ (၄) ရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ်(၂)လုံးနှင့် အမိုးလန် နေအိမ် (၆)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၄၀,၀၀၀/-)ကျပ်၊ ပြိုလဲအိမ်ထောင်စု(၂)စုရှိ လူဦးရေ (၅)ဦး တို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၃၅၀,၅၀၀/-) ကျပ် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(ပလပ်စတစ်ပုံးအပါ)(၂)အိမ်ထောင်စာအား (၂၂-၅-၂၀၂၀)ရက်နေ့ (၁၁း၀ဝ)နာရီအချိန်တွင် လေဘေးသင့်နေအိမ်၌ မိုးညိုမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ … Read more

  • မီးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၆-၅-၂၀၂၀) ရက်နေ့တွင် မူဆယ်မြို့နယ်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ပျက်စီးခဲ့သော နေအိမ် (၁)လုံး၊ အိမ်ထောင်စု(၁)စုမှ ဘေးသင့်လူဦးရေ(၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုးပါ(၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၀၈၄၀၀)ကျပ်အား (၂၂-၅-၂၀၂၀)ရက်နေ့၊ (၁၅:၀၀) အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူများမှတဆင့် ဘေးသင့်ပြည်သူလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မူဆယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fir #shn_may2020

  • Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂.၅.၂၀၂၀) ရက်နေ့၊ နံနက်(၀၇:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဆင်ပေါင်ဝဲမြို့နယ်၊ စာရပေကျေးရွာအုပ်စု၊ စာရပေ(အရှေ့)ကျေးရွာ၊ စာရပေ (အနောက်)ကျေးရွာများသို့သွားရောက်ပြီး COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှုများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #mgy_may2020 Source:       ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)မှ (၂၀-၅-၂၀၂၀)ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ဈေးပိုင်းရပ်ကွက်၊ ရွာမပိုင်းရပ်ကွက်၊ ချစ်တီးကုန်းရပ်ကွက်၊ အမှတ်(၃)(က)ရပ်ကွက်၊ အမှတ်(၃)(ခ)ရပ်ကွက်၊ ပေါက်ကုန်းရပ်ကွက်၊ မင်္ဂလာဒုံဈေးရပ်ကွက်၊ ပြည်တော်သာရပ်ကွက်များအတွင်း Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အများပြည်သူများ သိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေးကြေငြာချက်များအား အသိပညာပေးပန်ကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #ygn_may2020 Source:       ညွှန်ကြားရေးမှူး (ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး- ဘစမ)

Sign Up

Upcoming Events