သောက်သုံးရေဖြန့်ဝေမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ သပြေပင်ကျေးရွာအုပ်စု၊ သိမ်ကုန်း ကျေးရွာရှိ အိမ်ခြေ (၁၁၁) လုံး၊ အိမ်ထောင်စု (၁၁၉)စု၊ လူဦးရေ(၄၄၈)ဦးတို့အတွက် သောက်သုံးရေဂါလံ (၃၆၀၀)အား (၂၂-၅-၂၀၂၀)ရက်နေ့၊ (၁၆:၀၀) အချိန်တွင် ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်း၊ လူငယ်လုပ်ငန်းအဖွဲ့တို့နှင့်ပူးပေါင်းကာသွားရောက် ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_drg
#mgy_may2020

Sign Up

Upcoming Events