
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၆-၅-၂၀၂၀) ရက်နေ့တွင် မူဆယ်မြို့နယ်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ပျက်စီးခဲ့သော နေအိမ် (၁)လုံး၊ အိမ်ထောင်စု(၁)စုမှ ဘေးသင့်လူဦးရေ(၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုးပါ(၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၀၈၄၀၀)ကျပ်အား (၂၂-၅-၂၀၂၀)ရက်နေ့၊ (၁၅:၀၀) အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူများမှတဆင့် ဘေးသင့်ပြည်သူလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မူဆယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#shn_may2020