Author Archives: Department of Disaster Management

  • Covid-19 ကူးစက်ရောဂါ၊ မိုးကြိုးဘေးနှင့် လေပြင်းဘေးတို့နှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Covid-19 ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေးနှင့် လေပြင်းဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးနိုးဆော်ခြင်းများကို Hand Speaker အသုံးပြု၍ ဂန့်ဂေါမြို့နယ်၊ မြောက်ကုန်းရပ်ကွက်တွင် (၂-၇-၂၀၂၀) ရက်နေ့ (၇:၀၀) နာရီမှ (၁၁:၀၀) နာရီအချိန်ထိ ဆောင်ရွက်ခဲ့ပါကြောင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သိရှိရပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_jul2020

  • Covid-19 ရောဂါ၊ မုန်တိုင်း၊ ရေ၊ မြေပြိုနှင့် မိုးကြိုးဘေးတို့နှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၆-၂၀၂၀) ရက်နေ့၌ လောင်းလုံးမြို့နယ်အတွင်းရှိ ပညစ်ကျေးရွာနှင့် ရှမ်းမော်ကျေးရွာတို့တွင် သက်ဆိုင်ရာရပ်ကွက်ရှိ ပရဟိတလူငယ်များနှင့်ပူးပေါင်း၍ လော်စပီကာ၊ Memory stick နှင့် Hand Speaker တို့ဖြင့် Covid-19 လတ်တရောဂါအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပက်သက်၍ လိုက်နာ‌ဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီကာလသို့‌ရောက်က်ရှိ လာပြီဖြစ်သည့်အတွက် မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေး စသည့်သဘာဝဘေးအန္တရာယ်နှင့်ပက်သက်သည့်ဆောင်ရန်‌/ ရှောင်ရန် အချက်များ အား ပြည်သူသို့အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခြင်း၊ လက်ကမ်းစာစောင်များကပ်ခြင်းနှင့် မြေပြိုဘေး … Read more

  • အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့်အတူပူးပေါင်း၍ (၂-၇-၂၀၂၀)ရက်နေ့၊ (၀၈:၀၀)နာရီအချိန်မှ(၁၂:၀၀)နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ မြစ်​ပေါက် ကျေးရွာအုပ်စုအတွင်းရှိ​​ စစ်ကုန်းကျေးရွာ၊ ဆီးဖြူကျေးရွာ၊ ကြောင် ရှာကျေးရွာ၊​ ညောင်​ချောင်းကျေးရွာ၊ အထက်ချောင်းကျေးရွာနှင့် ကံညီ​​ နောင်​ကျေးရွာများတို့တွင်  Covid-19 အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းများကို အများပြည်သူများ သိရှိ လိုက်နာရန်ကွင်းဆင်း၍  Loud Speaker ဖြင့်လှည့်လှည်၍ အသိပညာပေးလုပ်ငန်းများ … Read more

  • မိုးကြိုးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေတောင်မြို့နယ်၊ သရက်သုံးပင်ကျေးရွာအုပ်စု၊ ရွှေကျွန်းကုန်း ကျေးရွာ၌ (၁-၇-၂၀၂၀) ရက်နေ့၊ (၁၅:၄၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်တို့ကို (၂-၇-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် သေဆုံးသူ၏ မိသားစုဝင်များထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_tls #bgo_jul2020 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသည့် ကချင်ပြည်နယ်ရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုခြင်း ဆောင်ရွက်

    ဇူလိုင်၊ ၁၊ မြစ်ကြီးနား အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အနေဖြင့် ကချင်ပြည်နယ်အတွင်း COVID- 19 ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြု ဂုဏ်ပြုခြင်းကို ဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လူမှုရေးဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်ခဲ့ကြပါ သည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားမြို့ရှိ ပညာရေးကောလိပ်၌ … Read more

  • မိုးကြိုးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ နောင်အိုင်ကျေးရွာနှင့် တောင်အောက်ကျေးရွာ တို့၌ (၃၀-၆-၂၀၂၀) ရက်နေ့တွင် မိုးရွာသွန်းမှုကြောင့် မိုးကြိုးပစ်ခံရ၍ သေဆုံးသူ(၂)ဦးအတွက် သေဆုံး ထောက်ပံ့ငွေ (၆၀၀,၀၀၀) ကျပ်ကို (၂-၇-၂၀၂၀) ရက်နေ့ (၀၈:၃၀)အချိန်တွင် ကလေးဝမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် ကလေးဝမြို့နယ်အုပ်ချူပ်ရေးမှူးရုံးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_tls #sgg_jul2020 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မြေပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြိတ်ခရိုင်၊ ပုလောမြို့နယ်၊​ နန်းတောင်ကျေးရွာအုပ်စု၊ ဥယျာဉ်ကမ်းကျေးရွာ၌ (၂၉-၆-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော  မိုးသည်းထန်စွာရွာသွန်းပြီးမြေပြိုကျမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ(၁၁)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၃,၁၀၀/-)ကျပ်တို့ကို (၁-၇- ၂၀၂၀)ရက်နေ့၊ (၁၃:၄၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_lsd #tny_jul2020 Source:           ပုလောမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၇-၂၀၂၀) ရက်နေ့တွင် စစ်တွေမြို့၊ ကျေးတောကျေးရွာအုပ်စု၊ ရွှေပြည်သာဘုန်းတော်ကြီးကျောင်း၌ အိမ်ထောင်စု (၂၉) စု၊ လူဦးရေ (၁၀၄) ဦး၊ နာရီကန်‌ကျေးရွာအုပ်စု၊ နာရီကန်ရွာမကျောင်းတိုက်၌ အိမ်ထောင်စု (၁၈) စု ၊လူဦးရေ (၅၀) ဦး ထပ်တိုးရောက်ရှိလာသည့် တိုက်ပွဲရှောင်ပြည်သူများအတွက် ဆန်ရိက္ခါ (၂) ပတ်စာ (၂၂) အိတ် (၁၁) ပြည်တို့ကို သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ #ha_otr #rke_jul2020 Source: … Read more

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊အောင်သစ္စာရပ်ကွက်၊ နယ်မြေ (၉/၁၀၃) တွင် (၃၀-၆-၂၀၂၀) ရက်နေ့(၁၃:၃၅)အချိန်၌ ဖြစ်ပွားသောမီးဘေးကြောင့် ဘေးသင့်အိမ်ခြေ(၁)လုံး၊အိမ်ထောင်စု(၁)စု၊ လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာဖိုး (၁၄,၇၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀,၀၀၀)ကျပ်၊ Family Kits (၁) ပုံးနှင့် ကလေးကျောင်းဝတ်စုံ ကျား(၁) ဦး၊ မ (၁) ဦးတို့အား (၁-၇-၂၀၂၀)ရက်နေ့ (၁၁:၃၀)အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့်အတူ ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ရုံးခန်း၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_fir … Read more

Sign Up

Upcoming Events