စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊အောင်သစ္စာရပ်ကွက်၊ နယ်မြေ (၉/၁၀၃) တွင် (၃၀-၆-၂၀၂၀) ရက်နေ့(၁၃:၃၅)အချိန်၌ ဖြစ်ပွားသောမီးဘေးကြောင့် ဘေးသင့်အိမ်ခြေ(၁)လုံး၊အိမ်ထောင်စု(၁)စု၊ လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာဖိုး (၁၄,၇၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀,၀၀၀)ကျပ်၊ Family Kits (၁) ပုံးနှင့် ကလေးကျောင်းဝတ်စုံ ကျား(၁) ဦး၊ မ (၁) ဦးတို့အား (၁-၇-၂၀၂၀)ရက်နေ့ (၁၁:၃၀)အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့်အတူ ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ရုံးခန်း၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)