Covid-19 ရောဂါ၊ မုန်တိုင်း၊ ရေ၊ မြေပြိုနှင့် မိုးကြိုးဘေးတို့နှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၆-၂၀၂၀) ရက်နေ့၌ လောင်းလုံးမြို့နယ်အတွင်းရှိ ပညစ်ကျေးရွာနှင့် ရှမ်းမော်ကျေးရွာတို့တွင် သက်ဆိုင်ရာရပ်ကွက်ရှိ ပရဟိတလူငယ်များနှင့်ပူးပေါင်း၍ လော်စပီကာ၊ Memory stick နှင့် Hand Speaker တို့ဖြင့် Covid-19 လတ်တရောဂါအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပက်သက်၍ လိုက်နာ‌ဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီကာလသို့‌ရောက်က်ရှိ လာပြီဖြစ်သည့်အတွက် မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေး စသည့်သဘာဝဘေးအန္တရာယ်နှင့်ပက်သက်သည့်ဆောင်ရန်‌/ ရှောင်ရန် အချက်များ အား ပြည်သူသို့အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခြင်း၊ လက်ကမ်းစာစောင်များကပ်ခြင်းနှင့် မြေပြိုဘေး အသိပညာပေးပိုစတာ ကပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်းသိရှိရပါသည်။

Source: လောင်းလုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#tny_jul2020

Sign Up

Upcoming Events