Author Archives: Department of Disaster Management
-
Covid-19 ရောဂါကူးစက်ပြန့်နှံမှုမဖြစ်ပွားစေရန် အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၇-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မြဝတီရပ်ကွက်၊ ရှောက်ခါးရပ်ကွက်၊ ရှောက်ခါး(တိုးချဲ့)ရပ်ကွက်များတွင် Covid-19 ရောဂါကူးစက်ပျံ့နှံမှုများမဖြစ်ပွားစေနိုင်ရန်အတွက် အများပြည်သူများ အလွယ်တကူသိရှိ လိုက်နာဆောင်ရွက်ရန်များကို အသိပေးဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #sgg_jul2020
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူး (စကု)မြို့နယ်၊ နိဗ္ဗာန်ကျွန်းကျေးရွာ အုပ်စု၊ နိဗ္ဗာန်ကျွန်းကျေးရွာတွင် (၁-၇-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကမ်းပြိုဘေးသင့်အိမ်ခြေ (၁၅) လုံး၊ အိမ်ထောင်စု (၁၅) စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁,၅၀၀,၀၀၀)ကျပ်၊ လူဦးရေ(၆၅)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာ (၁၃၆,၅၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၆၃၆,၅၀၀) ကျပ်တို့ကို (၂-၇-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)အချိန်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_rbe … Read more
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၇-၂၀၂၀ရက်နေ့ တွင် ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်အတွင်းရှိ ပြည်သူများအား မိုး ရာသီကာလအတွင်းဖြစ်ပေါ်နိုင်သော သဘာဝဘေးအန္တရာယ်များနှင့်ပက်သက်၍ ဆောင်ရန်/ ရှောင်ရန်များ၊ covid-19 ရောဂါနှင့်ပက်သက်၍ အသိပညာပေးခြင်း၊ လော်စပီကာ၊ Hand Speakerဖြင့် လိုက်လံဆော်သြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_jul2020 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ တညောင်ကျေးရွာအုပ်စု၊ တညောင်ကျေးရွာတွင် (၁-၇-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်၊ လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာ (၁၄,၇၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၄,၇၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ အိမ်ထောင်စု(၁)စာတို့ကို (၂-၇-၂၀၂၀)ရက်နေ့၊ (၁၇:၀၀) အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ … Read more
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၇-၂၀၂၀) ရက်နေ့၊ နေ့လည် (၁၅:၀၀) နာရီအချိန်မှစ၍ ညနေ(၁၇:၀၀)နာရီအထိ မြောင်းမြမြို့နယ်၊ မြို့ပေါ် ရပ်ကွက်များဖြစ်သော အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ် (၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်၊ အမှတ်(၉)ရပ်ကွက်၊ အမှတ်(၁၀)ရပ်ကွက်၊ ကံ့ကော်မြိုင်ရပ်ကွက်၊ မရမ်းကုန်းရပ်ကွက်၊ မြရတနာရပ်ကွက်၊ မြကန်သာရပ်ကွက်၊ မြစန္ဒာရပ်ကွက်၊ မြဟေမာရပ်ကွက်တို့တွင် လတ် တလောနိုင်ငံအသီးသီးတွင် ကူးဆက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး … Read more
-
School Cum Shelter လွှဲပြောင်းပေးအပ်မှုသတင်း
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် စစ်တွေမြို့နယ်၊ ညိုရောင်ကျေးရွာတွင် ပြည့်ဆန္ဒ ကုမ္ပဏီက တာဝန်ယူဆောက်လုပ်လျက်ရှိသော School Cum Shelter (၁၃၀×၃၀) ပေ (၁)လုံး ဆောက်လုပ် ပြီးစီးပြီးဖြစ်သဖြင့် (၂-၇-၂၀၂၀) ရက်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကုမ္ပဏီတာဝန်ရှိသူ များနှင့် သွားရောက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ကျောင်းကော်မတီဝင်များထံ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ ကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #infra_dev #rke_jul2020
-
လေဘေးသင့်ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါမြို့နယ်၊ ဇီးပြားကျေးရွာအုပ်စု၊ ရောင်နက်ကျေးရွာတွင် (၁-၇-၂၀၂၀) ရက်နေ့ (၀၃:၀၀)နာရီ၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ် (၁) လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ (၃) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၁၀၆,၃၀၀) ကျပ်တို့ကို (၂-၇-၂၀၂၀) ရက်နေ့ (၁၂:ဝဝ) နာရီအချိန်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရှေ့မှောက်၌ လေဘေးသင့် ပြည်သူလက်ဝယ်အရောက်သို့ သွားထောက်ပံ့ခဲ့ပါကြောင်း သိရှိရပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂ – ၇ – ၂၀၂၀)ရက်နေ့၊ နံနက်(၁၀ : ၀၀)နာရီအချိန်တွင် ဂဝေသီအခမဲ့စာသင်ဝိုင်းပရဟိတအဖွဲ့တို့နှင့် ပူးပေါင်း၍ ငေပုလဲရပ်ကွက်၊ ရှမ်းချောင်းရပ်ကွက်၊ ရွာသစ်ရပ်ကွက်တို့တွင် COVID – 19 အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါနဲ့ပတ်သက်၍ အများပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး ၊မြေပြိုဘေးနှင့်စပ်လျဥ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်ပါအချက်အလက်များ၊ သဘာဝဘေးအသိပညာပေးခြင်းများအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အောင်လှိုင်ကျေးရွာအုပ်စု၊ အောင်လှိုင်ကျေးရွာ၌ (၁-၇-၂၀၂၀)ရက် နေ့တွင် ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီး ခဲ့သော နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ ဘေးသင့်လူဦးရေ (၃)ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုးပါ(၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး (၆,၃၀၀/-)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၁၀၆,၃၀၀/-)ကျပ်တိတိအား မော်လမြိုင်ကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၂-၇-၂၀၂၀)ရက်နေ့၊ (၁၂:၃၀)နာရီအချိန်တွင် မြို့နယ် အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူ … Read more
-
ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၆-၂၀၂၀)ရက်နေ့ တွင် ကျောက်ဖြူမြို့နယ်၊ စေတီတောင်ရပ်ကွက်၊ ပရဟိတဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိ လာသည့် တိုက်ပွဲရှောင်အိမ်ထောင်စု (၄၅) စု၊ လူဦးရေ (၁၆၉) ဦးတို့အတွက် ဆန်ရိက္ခာ(၂) ပတ်စာဖိုးထောက်ပံ့ငွေ (၇၀၉,၈၀၀)ကျပ်အား (၂-၇-၂၀၂၀) ရက်နေ့၊ နေ့လည် (၁၄:၀၀) အချိန်တွင် တိုက်ပွဲရှောင်ပြည်သူများထံသို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_jul2020 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
