လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူး (စကု)မြို့နယ်၊ နိဗ္ဗာန်ကျွန်းကျေးရွာ အုပ်စု၊ နိဗ္ဗာန်ကျွန်းကျေးရွာတွင် (၁-၇-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကမ်းပြိုဘေးသင့်အိမ်ခြေ (၁၅) လုံး၊ အိမ်ထောင်စု (၁၅) စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁,၅၀၀,၀၀၀)ကျပ်၊ လူဦးရေ(၆၅)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာ (၁၃၆,၅၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၆၃၆,၅၀၀) ကျပ်တို့ကို (၂-၇-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)အချိန်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)