လေဘေးသင့်ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါမြို့နယ်၊ ဇီးပြားကျေးရွာအုပ်စု၊ ရောင်နက်ကျေးရွာတွင် (၁-၇-၂၀၂၀) ရက်နေ့ (၀၃:၀၀)နာရီ၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ် (၁) လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ (၃) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၁၀၆,၃၀၀) ကျပ်တို့ကို (၂-၇-၂၀၂၀) ရက်နေ့ (၁၂:ဝဝ) နာရီအချိန်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရှေ့မှောက်၌ လေဘေးသင့် ပြည်သူလက်ဝယ်အရောက်သို့ သွားထောက်ပံ့ခဲ့ပါကြောင်း သိရှိရပါသည်။

Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#mgy_jul2020

Sign Up

Upcoming Events