Author Archives: Department of Disaster Management

  • အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၂၀) ရက်နေ့ တွင် ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ပါဆယ်ပါညန်းကျေးရွာအတွင်းရှိ ပြည်သူများအား မိုးရာသီကာလအတွင်း ဖြစ်ပေါ်နိုင်သော သဘာဝဘေးအန္တရာယ်များနှင့် ပက်သက်၍ ဆောင်ရန်/ ရှောင်ရန်များ၊ covid-19 ရောဂါနှင့် ပက်သက်၍ အသိပညာပေးခြင်းများကို လော်စပီကာ၊ Hand Speaker ဖြင့် လိုက်လံဆော်သြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_jul2020 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • (Covid-19)ကူးစက်ရောဂါ၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှု သတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၂၀)ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ဂန်ချောင်း ကျေးရွာအုပ်စုနှင့် ချောင်းကြီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ (Covid-19) ကူးစက်ရောဂါ ဒုတိယလှိုင်း မဖြစ်ပွားစေရန်အတွက် ဒုတိယအကြိမ်အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် များအား အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့၍ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါ သည်။ #ar #ayy_jul2020     Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • (COVID-19) ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၂၀) ရက်နေ့၊ (၀၇း၀၀)နာရီအချိန်မှစတင်ပြီး မြင်းခြံမြို့နယ်အတွင်းရှိ ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာ(၁၅)ရွာသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်သူလူထုသို့ အသိပေးနှိုးဆော်ခြင်းများနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြင်းခြံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mdy_jul2020

  • (Covid-19)ကူးစက်ရောဂါ၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှု သတင်း

        (၂၆-၇-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊    ဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ  အရာထမ်း၊ အမှုထမ်းများမှ ရန်ကုန်​အရှေ့ပိုင်းခရိုင်၊ ​ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၇၂/၁၀၄/၁၀၅/၁၀၆/၁၀၇/၁၄၀)ရပ်ကွက်၊ ကျီစု အနောက်ရပ်ကွက်များတွင် (Covid-19)အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူ များသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောအသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေးနှင့်စပ်လျဥ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ အချက်အလက်များ၊ သဘာဝဘေးအသိပညာပေးခြင်းအား ရပ်ကွက်များအတွင်း အသိပေးကြော်ငြာခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ygn_jul2020     Source: ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • (COVID-19) ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၂၀) ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တောင်ကြီးမြို့နယ်၊ ရွှေညောင်စျေး နှင့် ညောင်ရွှေ့မြို့နယ်၊ ခေါင်တိုင်စျေးတို့၌ Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် သဘာဝဘေး ဆိုင်ရာ အသိပညာပေးခြင်းများ Hand Speaker များဖြင့် လိုက်လံဟောပြောခြင်း ၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar … Read more

  • (Covid-19)ကူးစက်ရောဂါ၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၂၆-၇-၂၀၂၀)ရက်နေ့တွင် ပန်းတနော်မြို့ပေါ် အနောက်ပိုင်း ရပ်ကွက်၌ (COVID-19) ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အများပြည်သူအလွယ်တကူ သိရှိ လိုက်နာဆောင်ရွက်ရန်အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင် ပြင်ဆင်ရေးအသိပေးချက်များကို  လှည့်လည်ဟောပြောခြင်း၊ သဘာဝဘေး (၈)မျိုး လက်ကမ်းစာစောင်များ ဝေငှ ခြင်းနှင့် ဗွီနိုင်းပိုစတာဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_jul2020     Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • (COVID-19) ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၂၀) ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရပ်စောက်မြို့နယ်၊ ဇလဲစျေးနှင့် ပင်ဖြစ်စျေးတို့၌ Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် Covid-19 ကူးစက် ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေး ခြင်းများ Hand Speaker များဖြင့် လိုက်လံဟောပြောခြင်း၊ Mask နှင့် အသိပညာပေး လက်ကမ်းစာစောင်များပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn _jul2020

  • (COVID-19) ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၂၀) ရက်နေ့၊ မနက် (၀၉း၃၀) နာရီအချိန်မှစ၍ နေ့လည် (၁၂:၃၀) နာရီအချိန်အထိ မြောင်းမြခရိုင်၊ အိမ်မဲ မြို့နယ်၊ ကံကြီးဒေါင့်ကျေးရွာ၊ ရေတွင်းကုန်းကျေးရွာ၊ ကံကြီးဒေါင့်ကုန်းကျးရွာ၊ ကိုင်းကွင်းကျေးရွာ၊ ကုန်းစုကျေးရွာ၊ တာကုန်းကျေးရွာတို့တွင် (ဒုတိယအကြိမ်) လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော Covid-19 ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ (၃၀-၆-၂၀၂၀)ရက်နေ့အထိ ထုတ်ပြန်ပြီး ဖြစ်သည့် တားမြစ်မိန့်နှင့် ညွှန်ကြားချက်များအားလည်းကောင်း ရာသီအလိုက် ဖြစ်ပွား တက်သော သဘာဝဘေးအန္တရာယ်များနှင့် … Read more

  • (Covid-19)ကူးစက်ရောဂါ၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှု သတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၇-၂၀၂၀)ရက်နေ့တွင် သာစည်မြို့နယ်အတွင်းရှိ ဘိုကုန်း အုပ်စု (ဘိုကုန်းကျေးရွာ၊ ဘုရားလေးကုန်းကျေးရွာ)မင်းလှအုပ်စု (မင်းလှကျေးရွာ၊ အုတ်ကျင်းကျေးရွာ) ကုက္ကိုစု အုပ်စု(ကုက္ကိုစုကျေးရွာ)၊ မရွေးအုပ်စု (မရွေးကျေးရွာ)၊ သနပ်ကန်အုပ်စု(သနပ်ကန်ကျေးရွာ)၊ နှမ်းကန်အုပ်စု (နှမ်းကန်ကျေးရွာ)များ၌ (Covid-19) ရောဂါနှင့်ပတ်သက်၍ သိရှိနားလည်လိုက်နာဆောင်ရွက်စေရန်နှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းများ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများကို ကွင်းဆင်း အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mdy_jul2020     Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • (COVID-19) ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၂၀) ရက်နေ့တွင် ကျီကြီးကျေးရွာအုပ်စု၊ ကျီကြီးကျေးရွာ၊ ဒရင်‌ကောက်ကျေးရွာ၊ သုံးကွင်းဆိုင် ကျေးရွာ၊ တဲကြီးစုကျေးရွာများ၊ မှတ်တိုင်ကျေးရွာအုပ်စုရှိမှတ်တိုင်ကျေးရွာ၊ နွားခြံကျေးရွာ၊ ကျုံပိုကျေးရွာ၊‌ ကျောင်ကွင်းကျေးရွာ၊ ကံ‌ကျေးရွာများတို့တွင် (ဒုတိယအကြိမ်) အဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယ လှိုင်းမဖြစ်စေရန် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (၁၄-၇-၂၀၂၀) ရက်နေ့အထိ ထုတ်ပြန်ပြီး ဖြစ်သည့် တားမြစ်မိန့်နှင့် ညွန်ကြားချက်အားလည်းကောင်း၊ … Read more

Sign Up

Upcoming Events