
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၂၀) ရက်နေ့၊ မနက် (၀၉း၃၀) နာရီအချိန်မှစ၍ နေ့လည် (၁၂:၃၀) နာရီအချိန်အထိ မြောင်းမြခရိုင်၊ အိမ်မဲ မြို့နယ်၊ ကံကြီးဒေါင့်ကျေးရွာ၊ ရေတွင်းကုန်းကျေးရွာ၊ ကံကြီးဒေါင့်ကုန်းကျးရွာ၊ ကိုင်းကွင်းကျေးရွာ၊ ကုန်းစုကျေးရွာ၊ တာကုန်းကျေးရွာတို့တွင် (ဒုတိယအကြိမ်) လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော Covid-19 ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ (၃၀-၆-၂၀၂၀)ရက်နေ့အထိ ထုတ်ပြန်ပြီး ဖြစ်သည့် တားမြစ်မိန့်နှင့် ညွှန်ကြားချက်များအားလည်းကောင်း ရာသီအလိုက် ဖြစ်ပွား တက်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သတ်သည့် သဘာဝဘေးအသိပညာပေးခြင်း တို့အားလည်းကောင်း အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လည်၍ အသိ ပညာပေးခြင်း လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#ayy _jul2020