လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၇-၂၀၂၀)ရက်နေ့တွင် သာစည်မြို့နယ်အတွင်းရှိ ဘိုကုန်း အုပ်စု (ဘိုကုန်းကျေးရွာ၊ ဘုရားလေးကုန်းကျေးရွာ)မင်းလှအုပ်စု (မင်းလှကျေးရွာ၊ အုတ်ကျင်းကျေးရွာ) ကုက္ကိုစု အုပ်စု(ကုက္ကိုစုကျေးရွာ)၊ မရွေးအုပ်စု (မရွေးကျေးရွာ)၊ သနပ်ကန်အုပ်စု(သနပ်ကန်ကျေးရွာ)၊ နှမ်းကန်အုပ်စု (နှမ်းကန်ကျေးရွာ)များ၌ (Covid-19) ရောဂါနှင့်ပတ်သက်၍ သိရှိနားလည်လိုက်နာဆောင်ရွက်စေရန်နှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းများ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများကို ကွင်းဆင်း အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)