Author Archives: Department of Disaster Management
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၂၀)ရက်နေ့၌ ကျောက်မဲမြို့နယ်၊ ပန်လက်ကျေးရွာအုပ်စု၊ ပန်လင် ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ်(၆)လုံး၊ အိမ်ထောင်စု(၆)စုအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၈၄,၇၅ဝ/-)ကျပ်နှင့် လူဦးရေ(၃၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၆၇,၂၀ဝ/-)ကျပ်၊ စုစုပေါင်းထောပ်ပံ့ငွေ(၄၅၁,၉၅ဝ/-)ကျပ်အား (၆-၈-၂၀၂၀)ရက်နေ့(၁၀း၀၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူများ လက်၀ယ်အရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #shn_aug2020
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၂၀)ရက်နေ့၌ ကျောက်မဲမြို့နယ်၊ ကြူရှောကျေးရွာအုပ်စု၊ ကြူရှော (တောင်)ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ်(၆)လုံး၊ အိမ်ထောင်စု(၆)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၉၇,၁၀ဝ/-)ကျပ်နှင့် လူဦးရေ(၂၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၄၆,၂၀ဝ/-)ကျပ်၊ စုစုပေါင်းထောပ်ပံ့ငွေ(၂၄၃,၃၀ဝ/-)ကျပ်အား (၆-၈-၂၀၂၀)ရက်နေ့(၁၀း၀၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ် ရေးမှူးနှင့်အတူ ပြည်သူများ လက်၀ယ်အရောက်ထောက်ပံ့ခဲ့ပါ ကြောင်း သတင်းရရှိသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #shn_aug2020
-
ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် (၅-၈-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးရွာသွန်းမှုကြောင့် ရေလွတ် ရာနေရာများသို့ ကြိုတင်ပြောင်းရွှေ့နေထိုင်ကြရသော ကြာအင်းဆိပ်ကြီးမြို့နယ်၊ အမှတ်(၆) ရပ်ကွက်၊ ဇမိမြစ်ကမ်းဘေးရှိ အိမ်ခြေ (၂၁) လုံး၊ အိမ်ထောင်စု(၂၁) စု မှ လူဦးရေ (၈၃) ဦး တို့အတွက် (၁၇၄,၃၀၀/-) ကျပ်တန်ဖိုးရှိ ဆန်ရိက္ခာ(၇) ရက်စာအား (၆-၈-၂၀၂၀) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ha_fld … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၈-၂၀၂၀) ရက်နေ့တွင် ဓနုဖြူမြို့နယ်၊ သပြုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲ(၆)တို့၌ COVID-19 ရောဂါနှင့်စပ်လျဉ်း၍ ဒုတိယလှိုင်း ကူးစက်မှုမဖြစ်ပွားစေရန် ဆောင်ရန်/ရှောင်ရန်အချက်များ၊ မိုးရာသီကာလတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်တို့နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ပြီး ဘေး(၈)မျိုးပါလက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ရေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ဆေးရိုးခင်ကျေးရွာအုပ်စု၊ ဆေးရိုးခင်ကျေးရွာ၌ (၃-၈-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် ထောက်ပံငွေ(၁၀၀,၀၀ဝ/-)ကျပ်ကို (၆-၈-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ် ထောက်ပံခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #bgo_aug2020 Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID -19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၈-၂၀၂၀) ရက်နေ့ တွင် Irrawaddy Green Towers Ltd နှင့် ပူးပေါင်း၍ တာချီလိတ်လူငယ် ပရဟဂေဟာ၌လည်းကောင်း၊ တာချီလိတ်ဘိုးဘွားရိပ်သာ၌လည်းကောင်း ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပြီး အသိပညာပေးဗွီနိူင်းများကပ်ခြင်း၊ နံရံကပ်ပိုစတာများ ကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_aug2020 Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ချောင်းရေမြင့်တက်လာမှုကြောင့် ကြိုတင်ပြောင်းရွှေ့ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ ရုံးပင်ကျေးရွာအုပ်စု၊ ရုံးပင်ကျေးရွာ၌ (၅-၈-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်း၍ ပလွေးချောင်းရေ မြင့်တက်လာမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ နေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ(၂၁,၀၀ဝ/-)ကျပ်တို့ကို (၆-၈-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #npw_aug2020 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ မကျီးစုကျေးရွာတွင် (၃၀-၇-၂၀၂၀) ရက်နေ့နှင့် (၃-၈-၂၀၂၀) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် အိမ်ခြေ (၂) လုံး၊ လူဦးရေ (၆) ဦး တို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၁၂,၆၀၀) ကျပ်ကို (၅-၈-၂၀၂၀) ရက်နေ့ (၁၅:၀၀) နာရီချိန်တွင် မြန်အောင်မြို့ … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ ရွှေကျင်အုပ်စု၊ ဘုရားလှကျေးရွာတွင် (၃၀-၇-၂၀၂၀) ရက်နေ့မှ (၂-၈-၂၀၂၀) ရက်နေ့အထိ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် အိမ်ခြေ (၅) လုံး၊ လူဦးရေ (၂၃) ဦး တို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၄၈,၃၀၀) ကျပ် စုစု ပေါင်းထောက်ပံ့ငွေ (၅၄၈,၃၀၀) ကျပ်ကို (၅-၈-၂၀၂၀) ရက်နေ့ (၁၂:၃၀) နာရီချိန်တွင် ရွှေကျင် … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၈-၂၀၂၀) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ မြို့ပေါ်ရပ်ကွက်ရှိ (၁၂၊၁၄၊၁၅၊၁၆)နှင့် ချောင်းတွင်းရွာမကျေးရွာ၊ သလိပ်ကလေးကျေးရွာ၊ သလိပ်ကြီးကျေးရွာ၊ ကျုံတာကျေးရွာ၊ ရှမ်းကွင်းကျေးရွာတို့၌ COVID -19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန်အတွက် အများပြည်သူ အလွယ်တကူ သိရှိလိုက်နာဆောင်ရွက်ရန် အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေး အန္တရာယ် ကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို လှည့်လည်ဟောပြောခြင်း၊ ဘေး(၈)မျိုး လက်ကမ်းစာစောင် ဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source: … Read more
