ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ ရွှေကျင်အုပ်စု၊ ဘုရားလှကျေးရွာတွင် (၃၀-၇-၂၀၂၀) ရက်နေ့မှ (၂-၈-၂၀၂၀) ရက်နေ့အထိ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် အိမ်ခြေ (၅) လုံး၊ လူဦးရေ (၂၃) ဦး တို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၄၈,၃၀၀) ကျပ် စုစု ပေါင်းထောက်ပံ့ငွေ (၅၄၈,၃၀၀) ကျပ်ကို (၅-၈-၂၀၂၀) ရက်နေ့ (၁၂:၃၀) နာရီချိန်တွင် ရွှေကျင် အုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူများသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။

#ha_rbe
#ayy_aug2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events