လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် (၅-၈-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးရွာသွန်းမှုကြောင့် ရေလွတ် ရာနေရာများသို့ ကြိုတင်ပြောင်းရွှေ့နေထိုင်ကြရသော ကြာအင်းဆိပ်ကြီးမြို့နယ်၊ အမှတ်(၆) ရပ်ကွက်၊ ဇမိမြစ်ကမ်းဘေးရှိ အိမ်ခြေ (၂၁) လုံး၊ အိမ်ထောင်စု(၂၁) စု မှ လူဦးရေ (၈၃) ဦး တို့အတွက် (၁၇၄,၃၀၀/-) ကျပ်တန်ဖိုးရှိ ဆန်ရိက္ခာ(၇) ရက်စာအား (၆-၈-၂၀၂၀) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံခဲ့ပါကြောင်း သတင်းရရှိပါ သည်။
#ha_fld
#krn_aug2020
Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)