Author Archives: Department of Disaster Management
-
Covid-19 ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၈-၈-၂၀၂၀) ရက်နေ့ (၁၆:၀၀) နာရီအချိန်မှစ၍ ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာတွင် COVID-19 ကူးစက်ရောဂါအသိ ပညာပေးခြင်းအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2020 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၈-၂၀၂၀) ရက်နေ့ တွင် ညောင်ဦးမြို့ အမှတ် (၂) ရပ်ကွက်အတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ယာယီရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့ နေရာချထားရသော အိမ်ထောင်စု (၅) စုမှ လူဦးရေ (၄၈) ဦးတို့ အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာထောက်ပံ့ငွေ (၁၀၀,၈၀၀/-) ကျပ်ကို (၂၈-၈-၂၀၂၀) ရက်နေ့ (၁၆:၀၀) အချိန်တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_fld #mdy_aug2020 Source: … Read more
-
Covid-19 ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၈-၈-၂၀၂၀) ရက်နေ့ တွင် တောင်ကြီး-လွိုင်လင်အဝင်ဂိတ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီ အသင်း၊ လူမှုကူညီရေးပရဟိသအသင်းတို့နှင့်ပူးပေါင်း၍ ယာဉ်လိုင်းများတွင် စီးနှင်းလိုက်ပါ သောခရီးသည်များအား COVID-19 ရောဂါပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်း ကောက်ယူခြင်း၊ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျှက်ရှိပါကြောင်း သတင်းရရှိပါသည်။ #ar #shn_aug2020 Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုစီးခရိုင်ဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် COVID-19 စီးပွား ရေးကုစားမှုအစီအစဉ်(CERP) အရစားသောက်ကုန်(၅) မျိုးထောက်ပံ့ရန် အိမ်ထောင်စု(၁) စုလျှင်(၄၀,၀၀၀/-) ကျပ်နှုန်းဖြင့်လီဆူ IDps စခန်းတွင် အိမ်ထောင်စု(၁၁၃) စု၊ လူဦးရေ(၆၄၅) ဦး အားလည်းကောင်း၊ AD-(2000) IDPs စခန်းတွင် အိမ်ထောင်စု(၁၅၅) စု၊ လူဦးရေ (၇၁၈) ဦးတို့ အားလည်းကောင်း၊ ရောဘတ် IDPs စခန်းတွင် အိမ်ထောင်စု(၆၂၀) စု၊ လူဦးရေ(၃၈၇၆) ဦးတို့ အားလည်းကောင်း၊ ထွယ်ဆန် IDps … Read more
-
Covid-19 ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ (၂၉-၈-၂၀၂၀) ရက်နေ့တွင် ကသာမြို့ပေါ်ရပ်ကွက် များတွင် (၀၈:၀၀) နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်ထိ၊ COVID-19 ကူးစက်မြန်ရောဂါနှင့် ပက်သက်၍ ပြည်သူများသို့ပန်ကြားချက်အား အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်၊၊ #ar #sgg_aug2020 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ (၂၈-၈-၂၀၂၀) ရက်နေ့တွင် ကသာမြို့နယ်၊ ပေါမမြိုင်ကျေးရွာ၊ နလယ်အင်းကျေးရွာ၊ ကပ္ပလိပ်၊ နွားကူးကျေးရွာ၊ မဲဟင်းကျေးရွာ၊ လမ်းခွ ကျေးရွာ၊ ပင်းမလွတ်ကျေးရွာ၊ သာစည်ကျေးရွာများရှိ ပြည်သူများသို့ COVID-19 ကူးစက်မြန် ရောဂါနှင့် ပက်သက်၍ ဆောင်ရန်၊ရှောင်ရန်များကို (၁၆:၀၀) နာရီအချိန်မှ (၂၀:၀၀) နာရီ အချိန်ထိ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်၊၊ #ar #sgg_aug2020 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြစ်ရေကြီးမှုအခြေအနေသတင်း
ဧရာဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဆိပ်သာ မြို့တွင်(၂)ပေခန့်ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် လက်ရှိရေမှတ်မှ နောက်(၃)ရက်အတွင်း ပေဝက်ခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေ မှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့တွင် (၁)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် လက်ရှိရေမှတ်မှနောက်(၃)ရက်အတွင်း ပေဝက်ခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေ မှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဇလွန်မြို့ … Read more
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၈-၂၀၂၀) ရက်နေ့တွင် မိုးညှင်းမြို့နယ်ရှိ IDPs စခန်း (၂) ခုမှ စုစုပေါင်းအိမ်ထောင်စု (၃၁) စုတို့အတွက် Covid-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ စားသောက်ကုန် (၅) မျိုးဝယ်ယူရန် အိမ်ထောင်စု (၁) စုလျှင် (၄၀,၀၀ဝ/-) နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၁,၂၄၀,၀၀ဝ/-) ကျပ်အား စခန်းရှိ ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr … Read more
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၀) ရက်နေ့၌ ပန်းတောင်းမြို့နယ်၊ ထုံးဘိုကျေးရွာအုပ်စု၊ ထုံးဘိုကျေးရွာတွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စု (၄၄) စုမှ လူဦးရေ (၁၅၇) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာထောက်ပံ့ငွေ (၃၂၉၇၀ဝိ/-) ကျပ်၊ Surgical Mask (၃၁၄) ခုနှင့် ဆပ်ပြာ (၄၄) တောင့်တို့အား (၂၈-၈-၂၀၂၀) ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် ရပ်ကျေးစာရေးနှင့်အတူ ပြည်သူ့လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး … Read more
-
Covid-19 ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၈-၂၀၂၀) ရက်နေ့ ခင်ဦး မြို့နယ်၊ မြနန္ဒာ၊ အောင်မင်္ဂလာ၊ မြကန်သာ၊ အောင်ချမ်းသာ ၊ အောင်သီရိရပ်ကွက်များနှင့် ရွာစဉ် ကျေးရွာတို့တွင် Covid-19 ကူးစက်ရောဂါကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် ကြိုတင်ကာ ကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2020 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
