Author Archives: Department of Disaster Management

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှု

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂.၉.၂၀၂၀) ရက်နေ့ နံနက် (၈)နာရီမှ (၁၂)နာရီအထိ ကလေးမြို့နယ်အတွင်းရှိ အင်ဒိုင်းကြီးရွာ၊ အင်ဒိုင်းလေးရွာ၊ စခန်းကြီးရွာ၊ နန်းစောင်ပုရွာ၊ ကံသာယာရွာ၊ ကံဦးရွာ၊ သာစည်ရွာ၊ ကံလှရွာ၊ ကြံစက်ကုန်းရွာ၊ ၅၅မိုင်ရွာများတွင် Covid-19 ကူးစက်ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် ရေဘေး၊ ငလျင်ဘေး၊ မိုးခေါင်ရေရှားဘေး စသော သဘာဝဘေးနှင့်ပတ်သက်သည့် လက်ကမ်းကြော်ငြာဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #sgg_sep2020 Source:                         ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၉-၂၀၂၀) ရက်နေ့တွင် မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ မိုးမိတ်မြို့နယ်၊ မိုးဟောက်ကျေးရွာ၊ ဘော်ဒေ ကျေးရွာ၊ ဆင်တဲကုန်းကျေရွာနှင့် ဆာဒေကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်မှု မဖြစ်ပွားစေရန် ပြည်သူများ‌နေထိုင်ရမည့် ကျန်းမာ‌ရေးအမူအကျင့်များ အသိပညာပေး ဟောပြောခြင်း၊ အခြားသော သဘာဝဘေးများနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များ ကို ကျေးရွာနေပြည်သူတို့အား အသိပညာပေးအစီအစဉ်ကို အသံချဲ့စက်အသုံးပြု၍ ဟောပြောခြင်း၊ နှာခေါင်းစည်း (Mask) များ ဖြန့်ဝေခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း … Read more

  • မြေပြို​​ဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၈-၂၀၂၀) ရက်နေ့တွင် ချောက်မြို့၊ အမှတ်(၁၀)ရပ်ကွက်၊ အေးစေတီရပ်၌ ဖြစ်ပွားခဲ့သော မြေပြိုဘေး ကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၇) ဦးတို့ ဘေးသင့်ခဲ့ရာ အဆိုပါ ဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀၀,၀ဝ/-)ကျပ်၊ ဆန်ရိက္ခဖိုးထောက်ပံ့ငွေ (၁၄,၇၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉၄၇၀၀/-) ကျပ်တို့ကို (၂-၉-၂၀၂၀) ရက်နေ့တွင် ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ … Read more

  • ရေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၈-၂၀၂၀) ရက်နေ့၊ (၃၀-၈-၂၀၂၀) ရက်နေ့တို့တွင် ပန်းတောင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ကျေးရွာအုပ်စု (၆) စု၊ ရေဝင်အိမ်ထောင်စု (၂၀၈) စုမှ လူဦးရေ (၇၃၇) ဦး အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာထောက်ပံ့ငွေ (၁,၅၄၇,၇၀ဝိ/-) ကျပ်၊ ဆပ်ပြာ (၂၀၈) တောင့် နှင့် surgical mask (၁၄၇၄) ခုတို့အား (၂-၉-၂၀၂၀)ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

  • ကမ်းပြိုဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၈-၂၀၂၀) ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ ရှားပင်ကျေးရွာအုပ်စု၊ သဖန်းပင်ကျေးရွာ၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂)စုမှ ကျား(၁၁)ဦးမ(၈)ဦး၊ စုစုပေါင်း (၁၉) ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာထောက်ပံ့ငွေ (၃၉,၉၀၀ိ/-) ကျပ်နှင့် ပြောင်းရွှေ့အိမ်(၂)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀ိ/-) ကျပ်၊ စုစုပေါင်း (၂၃၉,၉၀၀ိ/-) ကျပ်၊ ဓာတ်ဆားထုပ် (၂၀) ထုပ်အား … Read more

  • Covid-19 ကူးစက်ရောဂါနှင့် မိုးရာသီကာလတွင်ဖြစ်ပေါ်လေ့ရှိသည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သပိတ်ကျင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂-၉-၂၀၂၀) ရက်နေ့တွင် သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ရပ်ကွက်၊ တွင်းငယ်ရပ်ကွက်၊‌ ပေါက်တပင်ရပ်ကွက်များရှိ ကျေးရွာ(၁၁)ရွာတို့၌ Covid-19 လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီတွင်ဖြစ်တတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပက်သက်သည့် ဆောင်ရန်‌/ရှောင်ရန်အချက်များနှင့် ပြည်သူသို့အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သပတ်ကျင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mdy_sep2020

  • Covid-19ကူးစက်ရောဂါနှင့်စပ်လျဉ်း၍အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၂၀) ရက်နေ့တွင် ကောလင်းမြို့နယ်၊ ရေကန်သာ၊ တောယာကြီး၊ သက္ကယ်ကျင်း၊ သဖန်း ကုန်းနှင့် ဂွေးချိုကျေးရွာများရှိ  ပြည်သူများသို့ Covid-19 ကူးစက်ရောဂါနှင့် ပတ်သတ်၍ ဆောင်ရန်/ရှောင်ရန်များကို ပြန်ဆက်ဦးစီးဌာနနှင့် ပူးပေါင်း၍ လှည့်လည်အသိပေး ကြေညာခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_sep2020

  • Covid-19ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းလုပ်ငန်းများ  ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၉-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်အထိ Covid-19 ကူးစက်ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများနှင့် ရေဘေး၊ ငလျင်ဘေး၊ မိုးခေါင်ရေရှားဘေးစသော သဘာဝဘေးနှင့် ပတ်သက်သည့် လက်ကမ်းကြော်ငြာများကို  ကလေးမြို့နယ်အတွင်းရှိ အင်ဒိုင်းကြီးရွာ၊ အင်ဒိုင်းလေးရွာ၊ စခန်းကြီးရွာ၊ နန်းစောင်ပုရွာ၊ ကံသာယာရွာ၊ ကံဦးရွာ၊ သာစည်ရွာ၊ ကံလှရွာ၊ ကြံစက်ကုန်းရွာ၊ ၅၅မိုင်ရွာ တို့တွင် ဖြန့်ဝေခြင်းလုပ်ငန်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး … Read more

  • Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး ဆပ်ပြာနှင့် ထုံးအိတ်များ ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ လှိုင်းဘွဲမြို့နယ် ၊ မြိုင်ကြီးငူအထူးဒေသရှိ ​​​တိုက်ပွဲရှောင်စခန်းများဖြစ်သည့် မြတ်ပန်းဝတ်မှုံနှင့် အေးလင်း​မြတ်ရှင် စခန်းများသို့ သွားရောက်၍ COVID-19 ကြိုတင်ကာကွယ်နိုင်ရန် အိမ်ထောင်စု(၇၂၄)၊ လူဦးရေ(၄၅၇၄ )ဦးတို့အတွက် ဆပ်ပြာ(၄၅၇၄)တုံးနှင့် ထုံးအိတ်(၂၀)အိတ်တို့အား (၂-၉-၂၀၂၀)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #krn_sep2020 Source:                         ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events