Covid-19ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းလုပ်ငန်းများ  ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၉-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်အထိ Covid-19 ကူးစက်ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများနှင့် ရေဘေး၊ ငလျင်ဘေး၊ မိုးခေါင်ရေရှားဘေးစသော သဘာဝဘေးနှင့် ပတ်သက်သည့် လက်ကမ်းကြော်ငြာများကို  ကလေးမြို့နယ်အတွင်းရှိ အင်ဒိုင်းကြီးရွာ၊ အင်ဒိုင်းလေးရွာ၊ စခန်းကြီးရွာ၊ နန်းစောင်ပုရွာ၊ ကံသာယာရွာ၊ ကံဦးရွာ၊ သာစည်ရွာ၊ ကံလှရွာ၊ ကြံစက်ကုန်းရွာ၊ ၅၅မိုင်ရွာ တို့တွင် ဖြန့်ဝေခြင်းလုပ်ငန်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar

#sgg_sep2020

 

Sign Up

Upcoming Events