Author Archives: Department of Disaster Management

  • COVID-19 ရောဂါ အသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ရေတာရှည်မြို့နယ်အတွင်း COVID-19 ရောဂါကူးစက် မှု ဒုတိယလှိုင်းမဖြစ်စေရန်နှင့် ပြည်သူများအကြား COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပိုမိုတိုးပွားစေရန်အတွက် (၁၄-၉-၂၀၂၀) ရက်နေ့တွင် ရေတာရှည်မြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ အ.ထ.က (၁) ကျောင်းရှေ့တွင် စိုက်ထူထားသော သဘာဝဘေး အသိပညာပေး ဗီနိုင်းအစား COVID-19 ရောဂါ အသိပညာပေးဗီနိုင်းဖြင့် လဲလှယ်စိုက်ထူပေးခဲ့ပါသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ထားသော အသိပေးကြေ ငြာချက် များကို လိုက်နာခြင်းအားဖြင့် ပြည်သူတစ်ဦးမှတစ်ဦး၊ တစ်အိမ်မှတစ်အိမ်၊ ရပ်ကွက်တစ်ခုမှတစ်ခု … Read more

  • Covid-19ကူးစက်ရောဂါ မဖြစ်စေရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၉-၂၀၂၀) ရက်နေ့တွင် (၁၉:၀၀) နာရီမှ (၂၂:၀၀) အချိန်ထိ ရေစကြိုမြို့ပေါ်ရှိ အမှတ် (၅/၆/၇/၈) ရပ်ကွက်များသို့ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရန်များကို လော်စပီကာဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_sep2020

  • COVID-19 ရောဂါ အသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အုတ်တွင်းမြို့နယ်အတွင်း COVID-19 ရောဂါကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန်နှင့် ပြည်သူများအကြား COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပိုမိုတိုးပွားစေရန်အတွက် (၁၄-၉-၂၀၂၀) ရက်နေ့တွင် အုတ်တွင်းမြို့နယ်၊ နဝဒေးလမ်း၊ ပဲခူးရပ်ကွက်တွင် စိုက်ထူထားသော သဘာဝဘေး အသိပညာပေး ဗီနိုင်းအစား COVID-19 ရောဂါ အသိပညာပေးဗီနိုင်းဖြင့် လဲလှယ်စိုက်ထူပေးခဲ့ပါသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ထားသော အသိပေးကြေ ငြာချက် များကို လိုက်နာခြင်းအားဖြင့် ပြည်သူတစ်ဦးမှတစ်ဦး၊ တစ်အိမ်မှတစ်အိမ်၊ ရပ်ကွက်တစ်ခုမှတစ်ခု ထိုမှတစ်ဆင့် တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုမှတစ်ခု ရောဂါကူးစက်ပြန့်ပွားမှုများ … Read more

  • Covid-19ကူးစက်ရောဂါ မဖြစ်စေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၉-၂၀၂၀) ရက်နေ့ (၀၈:၀၀) နာရီအချိန်မှ (၁၅:၀၀)နာရီအချိန်အထိ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာ၊ ပေါက်တောကျေးရွာ၊ မကျည်းချောင်ကျေးရွာ၊ရှင်စောပြင်ကျေးရွာနှင့်ကွေ့ချောင်းကျေးရွာတို့တွင် လှည့်လည်၍ COVID-19 ရောဂါကူးစက်ပျံ့မှု မဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေးနှင့် မုန်တိုင်းဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #rke_sep2020

  • ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၉-၂၀၂၀)ရက်နေ့၊ (၀၉:၃၀)အချိန်၌ ဘားအံမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၌ ကမ်းပြိုဘေးဖြစ်ပွားခဲ့ရာ အုတ်ဖိနပ်ခံ၊ ပျဉ်ထောင် သွပ်မိုးနေအိမ်(၁)လုံးပြိုကျပျက်စီးခဲ့ပြီး အိမ်ထောင်စု(၁)စုမှဘေးသင့်လူဦးရေ (၇)ဦးအတွက် (၂၂)မျိုးပါ Family Kit(၁)ပုံး၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၄,၇၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၄၇၀၀/-)ကျပ်အား (၁၄-၉-၂၀၂၀)ရက်နေ့၊ (၁၆:၃၀)အချိန်တွင် ပြည်သူ့လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #krn_sep2020 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • မြေပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၂၀)ရက်နေ့မှ (၉-၉-၂၀၂၀) ရက်နေ့အထိ တောင်ကြီးမြို့နယ်၊ ကျောင်းကြီးစုရပ်ကွက်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုနိုင်ခြေရှိ၍ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သော အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁)စုနှင့် ဘေးသင့်လူဦးရေ (၈)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၈)ဦးအတွက်ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၆၈၀၀/-)ကျပ်နှင့်ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးပါ (၁)အိမ်ထောင် စုစာတို့အား (၁၄-၉-၂၀၂၀) ရက်နေ့ ၊(၁၄:၃၀)နာရီအချိန်ခန့်တွင် ဘေးသင့်ပြည်သူများ လက်၀ယ်အရောက် သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_lsd #shn_aug2020

  • Covid-19ကူးစက်ရောဂါ မဖြစ်စေရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၉-၂၀၂၀) ရက်နေ့တွင် ဟိုပန်မြို့နယ်၊‌ စင်ကျိုင်းကျေးရွာနှင့် မန့်ဝှမ်ကျေးရွာ တို့၌ Covid-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2020

  • ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၊ အမှတ်(၃)ရပ်ကွက်တွင် (၁၂-၉-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော မကျည်းပင်အိုလဲကျမှုကြောင့် ပျက်စီးအိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်၊ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာ (၈,၄၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၈,၄၀၀) ကျပ်အား (၁၄-၉-၂၀၂၀) ရက်နေ့၊ (၁၆:၀၀) အချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr #mgy_sep2020

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီညှိနှိုင်းအစည်းအဝေးသို့ Video Conferencing စနစ်ဖြင့် တက်ရောက်မှုသတင်း

    စက်တင်ဘာ ၁၄၊ နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ (၁/၂၀၂၀) ညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ VideoConferencing စနစ်ဖြင့်ကျင်းပပြုလုပ်ရာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ ညှိနှိုင်းအစည်းအဝေးသို့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဝင် ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရပ်ဘက်အဖွဲ့ အစည်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ကလေးသူငယ် အခွင့်အရေး များဆိုင်ရာကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ကလေးသူငယ်အရေးကိစ္စ ကျွမ်းကျင် ပညာရှင်များနှင့် ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။ … Read more

Sign Up

Upcoming Events