ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း


လူမှုူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၊ အမှတ်(၃)ရပ်ကွက်တွင် (၁၂-၉-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော မကျည်းပင်အိုလဲကျမှုကြောင့် ပျက်စီးအိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်၊ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာ (၈,၄၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၈,၄၀၀) ကျပ်အား (၁၄-၉-၂၀၂၀) ရက်နေ့၊ (၁၆:၀၀) အချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_otr
#mgy_sep2020

Sign Up

Upcoming Events