Author Archives: Department of Disaster Management
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၉-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာ၊ ကလော့လေးကျေးရွာနှင့် ကလော့ကြီးကျေးရွာတို့တွင် COVID-19 ရောဂါကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေးအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_sep2020
-
Covid-19 ကူးစက်ရောဂါ မဖြစ်စေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၉-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ မဘိမ်းမြို့နယ်၊ ပွေးတူးကျေးရွာ၊ ဘဟဲကျေးရွာနှင့် မလှိုင်ကုန်းကျေးရွာတို့တွင် Covid-19 ရောဂါ ကူးစက်မှုမဖြစ်ပွားစေရန် ပြည်သူများ နေထိုင်ရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးဟောပြောခြင်း၊ အခြားသောသဘာဝဘေးများနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာနေ ပြည်သူတို့အား အသိပညာပေးအစီအစဉ်ကို အသံချဲ့စက်အသုံးပြု၍ဟောပြောခြင်း၊နှာခေါင်းစည်း (Mask)များဖြန့်ဝေခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #shn_sep2020 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၉-၂၀၂၀) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ လားရှိုးမြို့နယ်၊ ကောင်းကြဲ(ပိတ်)ကျေးရွာအုပ်စု၊ ဖိုင်လုံကျေးရွာနှင့် နားမွန်းကျေးရွာနှင့် ကုန်းစုံကျေးရွာတို့၌ COVID-19 ကူးစက်မှုမဖြစ်ပွားစေရန် ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်း၊ Hand Gel များဖြင့် လက်သန့်စင်ပေးခြင်း၊ အပူချိန်တိုင်းကိရိယာဖြင့် ကိုယ်အပူချိန်တိုင်းပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2020
-
Covid-19 ရောဂါဖြစ်ပွားစဉ်ကာလအတွင်း Facility Quarantinen Center အဖြစ်အသုံးပြုခဲ့သော Multi Purpose Shelter ၌ လက်ဆေးဘေစင်နှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်ရန်အတွက် ကြည့်ရှုစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၉-၂၀၂၀) ရက်နေ့တွင် ဘိုကလေးမြိုနယ်၊ ကသပေါင်းကျေးရွာ၊ ကသပေါင်း Multi Purpose Shelter တွင် Covid-19 ရောဂါဖြစ်ပွားစဉ်ကာလအတွင်း Facility Quarantine Center အဖြစ် အသုံးပြုခဲ့သည့်အတွက် လက်ဆေးဘေစင်နှင့်ဆက်စပ်လုပ်ငန်းများဆောင်ရွက်တပ်ဆင်ရန်ကြည့်ရှု စစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #infra_dev #ayy_sep2020
-
CERP အစီအစဉ်အရ မင်းပြားမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူများအတွက်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုများဆောင်ရွက်
စက်တင်ဘာလ (၁၅)၊ နေပြည်တော် COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (COVID-19 Economic Relief Plan-CERP) အရ ရခိုင်ပြည်နယ်အတွင်းရှိ IDP/ တိုက်ပွဲရှောင်စခန်းများမှ နေရပ်စွန့်ခွာအိမ်ထောင်စုများအား စားသောက်ကုန်(၅)မျိုးဝယ်ယူရန် အိမ်ထောင်စု(၁)စုလျှင် ငွေကျပ်(၄၀,၀၀ဝိ/-)နှုန်းဖြင့်ထောက်ပံ့ခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိပါ သည်။ အဆိုပါ CERP အစီအစဉ်အရ စားသောက်ကုန်(၅)မျိုးဝယ်ယူရန်အတွက် မင်းပြားမြို့နယ်၊ နဂရာကျေးရွာအုပ်စု၊ ကျွန်းတောရွှေဖောင်တော ဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု(၇၂)စု၊ ပန်းမြောင်းအုပ်စု၊ ရွာသစ်ဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု(၅၀)စု၊ နရမ်းအုပ်စု၊ နရမ်းရွာကြီးဓမ္မာရုံရှိ အိမ်ထောင်စု(၅၇)စု၊ နရမ်းအုပ်စု ဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု(၇)စု၊ … Read more
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း
လူန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅.၉.၂၀၂၀) ရက်နေ့ ၊ နေ့လည် (၁၃းဝဝ) နာရီအချိန်မှစ၍ ညနေ (၁၆းဝဝ) နာရီအချိန်အထိ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ပေါ်ရပ်ကွက်များဖြစ်ကြသော မြို့မဈေးရပ်ကွက်၊ မြစိမ်းရပ်ကွက်၊ သီရိဟေမာရပ်ကွက်တို၊ ပုလဲအောင်မြေရပ်ကွက်၊ နဒီအောင်မြေရပ်ကွက်၊ ကမ်းနားရပ်ကွက်တို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွှန်ကြားချက်များအားလည်းကောင်း၊ မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် ရေဘေး၊ မုန်တိုင်းဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝဘေးအသိပညာပေးဆောင်ရွက်ခြင်းများအား အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လည်၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ကသာမြို့နယ် မြေနုကျေးရွာအုပ်စု၊ မြေနုကျေးရွာတွင် (၁၂.၉.၂၀၂၀)ရက်နေ့ ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စု(၃)အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀၀၀၀ိ/-)၊ လူဦးရေ(၁၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၁၅၀ဝိ/-) နှင့် တုတ်ကြီးကျေးရွာအုပ်စု၊ သံပုရာကုန်းကျေးရွာ (၁၄.၉.၂၀၂၀)ရက်နေ့ဖြစ်ပွားသော ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စု (၂ )စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(၂)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀ဝိ/-)၊ လူဦးရေ (၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၈၉၀ဝိ/-)၊ စုစုပေါင်း(၂၁၈၉၀ဝိ/-)တို့အား (၁၅.၉.၂၀၂၀)ရက်နေ့ (၁၁:၃၀)အချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတဆင့် ဘေးသင့်ပြည်သူများထံသို့ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #sgg_sep2020 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၉-၂၀၂၀) ရက်နေ့တွင် ရေဖြူမြို့နယ်၊ ကျွဲသလင်းကျေးရွာ၊ လော့သိုင်းကျေးရွာနှင့် ရားဖူးကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိအညာပေးခြင်း၊ Mask များဝေငှပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များဝေငှခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #tny_sep2020
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၉-၂၀၂၀) ရက်နေ့တွင် ပုလောမြို့နယ် ၊ နန်းတောင်ကျေးရွာအုပ်စုမှ ရပ်/ ကျေးအုပ်ချုပ် ရေးမှူးအဖွဲ့များနှင့်ပူးပေါင်း၍ နန်းတောင်၊ မော်မိ၊ ဂျင့်ဂါ၊ ဥယျာဥ်ကမ်း၊ ကျောင်းနိမ့်၊ ပိန္နဲတောင်၊ ဆင်ကူးတောင် ကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါ (ဒုတိယလှိုင်း) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနဲ့ပတ်သက်၍ အများ ပြည်သူသိရှိ လိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေးနှင့် မြေပြိုဘေးအန္တရာယ် ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးခြင်းများ ဆောင်ရွက်ခြင်း … Read more
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးနှင့် ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စုရပ်စခန်းများဖြစ်သော် ရန်အောင်မြေဘုန်းကြီးကျောင်း၊ လမ်းမဘုန်းကြီးကျောင်း၊ မြတောင်ဘုန်းကြီးကျောင်း၊ ဂန္ဓာရီပရဟိတဘုန်းကြီးကျောင်းနှင့် မြောင်းနားတိုက်ပွဲရှောင်စခန်း (၅) ခုရှိ အိမ်ထောင်စု (၁၁၀၇)စု၊ လူဦးရေ (၄၉၈၅) ဦး အတွက် Covid_19 ရောဂါကြိုတင်ကာကွယ်မည့် ပစ္စည်းများဖြစ်သည့် ဆပ်ပြာ(၄၉၈၅)တောင့်၊ ထုံး (၅၀) အိပ်တို့အား (၁၅-၉-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr #rke_aug2020
