ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးနှင့် ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စုရပ်စခန်းများဖြစ်သော် ရန်အောင်မြေဘုန်းကြီးကျောင်း၊ လမ်းမဘုန်းကြီးကျောင်း၊ မြတောင်ဘုန်းကြီးကျောင်း၊ ဂန္ဓာရီပရဟိတဘုန်းကြီးကျောင်းနှင့် မြောင်းနားတိုက်ပွဲရှောင်စခန်း (၅) ခုရှိ အိမ်ထောင်စု (၁၁၀၇)စု၊ လူဦးရေ (၄၉၈၅) ဦး အတွက် Covid_19 ရောဂါကြိုတင်ကာကွယ်မည့် ပစ္စည်းများဖြစ်သည့် ဆပ်ပြာ(၄၉၈၅)တောင့်၊ ထုံး (၅၀) အိပ်တို့အား (၁၅-၉-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_otr
#rke_aug2020

Sign Up

Upcoming Events