Covid-19ကူးစက်ရောဂါ မဖြစ်စေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၉-၂၀၂၀) ရက်နေ့တွင် ပုလောမြို့နယ် ၊ နန်းတောင်ကျေးရွာအုပ်စုမှ ရပ်/ ကျေးအုပ်ချုပ် ရေးမှူးအဖွဲ့များနှင့်ပူးပေါင်း၍ နန်းတောင်၊ မော်မိ၊ ဂျင့်ဂါ၊ ဥယျာဥ်ကမ်း၊ ကျောင်းနိမ့်၊ ပိန္နဲတောင်၊ ဆင်ကူးတောင် ကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါ (ဒုတိယလှိုင်း) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနဲ့ပတ်သက်၍ အများ ပြည်သူသိရှိ လိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေးနှင့် မြေပြိုဘေးအန္တရာယ် ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးခြင်းများ ဆောင်ရွက်ခြင်း နှင့် ဗီနိုင်းဝေငှခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#tny_sep2020

Sign Up

Upcoming Events