Author Archives: Department of Disaster Management

  • မိုးကြိုးဘေး ထောက်ပံ့ခြင်း

    ​လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်​ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ​ကျောက်ပန်း​တောင်းမြို့နယ်၊ အိုင်လျား(မ) ကျေးရွာအုပ်စု၊ ဝန်မင်းကန်​ကျေးရွာတွင် ( ၂၉-၉-၂၀၂၀)ရက်နေ့ (၁၂း၀၀) အချိန်၌ မိုကြိုး​​စက်ကွင်းမိ၍ ​သေဆုံးခဲ့သူ (၁)ဦးအတွက် ထောက်ပံ့​ငွေ (၃၀၀၀၀ဝိ/-) ကို (၁-၁၀- ၂၀၂၀) ရက်​နေ့ (၁၀း၀၀) အချိန်တွင် ​ကျောက်ပန်း​တောင်း မြို့နယ်အ​​ထွေထွေအုပ်ချုပ်​ရေးမှူး နှင့်အတူ ကျန်ရစ်သူမိသားစုဝင်၏ လက်​ဝယ်အ​ရောက် ​ထောက်ပံ့မှု​ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_tls #mdy_oct2020 Source:             ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေး ကြိုတင်ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့နယ် ရှားပင်ကျေးရွာအုပ်စု၊ သဖန်းပင်ကျေးရွာ၌ (၂၄.၉.၂၀၂၀)ရက်နေ့တွင်ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်​​ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ (၂)လုံး၊ အိမ်ထောင်စု (၂)စုမှ ကျား(၅)ဦး မ(၄)ဦး၊ စုစုပေါင်း(၉)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၁၈၉၀၀ိ/-)နှင့် ပြောင်းရွှေ့အိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀၀ိ/-)၊ စုစုပေါင်း(၂၁၈၉၀၀ိ/-)၊ဓာတ်ဆားထုပ် (၂၀)ထုပ်အား (၁.၁၀.၂၀၂၀)ရက်နေ့ မွန်းလွဲ(၁၀:၀၀)နာရီတွင် ​ရှားပင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_rbe #mgy_oct2020 Source:             ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါအသိပညာပေး နှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀.၉.၂၀၂၀)ရက် နေ့ တွင် ပခုက္ကူမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ်(၁/၂/၃/၄/၅/ ၆/၇/၈/၉/၁၀/၁၁/၁၂/၁၃/၁၄/၁၅) ရပ်ကွက်များတွင် လှည့်လည်၍ Covid-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များအား အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #mgy_oct2020 Source:             ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • (CERP) အစီအစဉ်အရ တိုက်ပွဲရှောင်စုရပ်များနှင့် IDPစခန်းများရှိ ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      COVID-19 Economic Relief Plan (CERP) အစီအစဉ်အရ တိုက်ပွဲရှောင်စုရပ်များနှင့် IDPစခန်းများရှိ အိမ်ထောင်စု (၁)စု လျှင် (၄၀,၀၀ဝ/-)ကျပ်နှုန်းဖြင့် ထောက်ပံ့လျက်ရှိရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာ စခန်း ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ စခန်းစီမံခန့်ခွဲမှုကော်မတီဝင်များနှင့်ပူးပေါင်း၍ စစ်တွေမြို့နယ်ရှိ သဲချောင်း၊ ဘောဒူဖ (၁)၊ ဘောဒူဖ (၂)၊ အုန်းတောကြီးတောင်၊ အုန်းတောကြီးမြောက်၊ ခေါင်းဒုက္ခာနှင့် ဘာဆာရာ IDP စခန်း (၇)ခုမှ အိမ်ထောင်စု (၁၀,၂၁၃) စု၊ … Read more

  • Covid-19 ကူးစက်ရောဂါအသိပညာပေး နှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၉-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) အချိန်မှ (၁၅:၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များအား လယ်ဝေးမြို့နယ်၊ ရွှေပြည်အေးကျေးရွာအုပ်စု၊ ရွှေပြည်အေးကျေးရွာ၊ ငှက်ပျောတောကျေးရွာ၊ မြွေရိုးကျောင်းစုအုပ်စု၊ မြွေရိုးကျောင်းစုကျေးရွာ၊ ဆည်စုကျေးရွာ၊ ရုံးကျေးရွာတို့ရှိ ပြည်သူများအား အသိပညာပေးခြင်းများကို ထိရောက်စွာ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #npw_oct2020 Source:             နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

  • ရေဘေးသင့်ပြောင်းရွှေ့ပြည်သူများအတွက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၉-၂၀၂၀)ရက်နေ့နှင့် (၂၈-၉-၂၀၂၀)ရက်နေ့တွင်ဖြစ်ပွားခဲ့သော ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ မြို့မရပ်ကွက်၌ ချောင်းရေတိုးလာ မှုကြောင့် ရေဘေးသင့် ပြောင်းရွှေ့အိမ်ထောင်စု(၁၇၄)စု၊ လူဦးရေ(၈၁၂)ဦးတို့အတွက် (၇)ရက်စာဆန် ဖိုးထောက်ပံ့ငွေ(၁,၇၀၅,၂၀ဝ/-)ကျပ်၊ လူ(၁)ဦးလျှင် mask(၁)ခုနှုန်းဖြင့် လူဦးရေ(၈၁၂)ဦး အတွက် Mask(၈၁၂)ခုနှင့် အိမ်ထောင်စု(၁)စုလျှင် ဆပ်ပြာခဲ(၁)တောင့်နှုန်းဖြင့် အိမ်ထောင်စု(၁၇၄)စုအတွက် ဆပ်ပြာ(၁၇၄)တောင့်အား (၃၀-၉-၂၀၂၀)ရက်နေ့၊ (၁၄း၃၀)နာရီအချိန်တွင်  ကာမိုင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူထံသို့ လွှဲပြောင်းထောက်ပံ့ပြီးစီးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #kcn_sep2020 Source: ဖားကန့်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်  (၃၀-၉-၂၀၂၀) ရက်နေ့၌ ထားဝယ်မြို့နယ် သပြေချောင်းကျေးရွာ၊ ဇဟာကျေးရွာ၊ မောင်မယ်ရှောင်ကျေးရွာနှင့် ဇီးကျကျေးရွာတို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော Covid-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝ ဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးဆောင် ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_sep2020 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပင်းတယမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၉-၂၀၂၀)ရက်နေ့တွင်”ဓနု” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​​ဒေသ၊ ပင်းတယမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ Covid-19 ဒုတိယလှိုင်း ကာလအတွင်း ပြည်သူများလိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များအသိပညာ​ပေးခြင်း၊ သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး Mask နှင့် အသိပညာပေးလက်ကမ်း စာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2020 Source: ပင်းတယမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19ကူးစက်ရောဂါ မဖြစ်စေရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၉-၂၀၂၀) ရက်နေ့တွင် (၀၉:၀၀)နာရီမှ (၁၂:၀၀)နာရီ အချိန်ထိ ကော့ကရိတ်မြို့နယ်အတွင်းရှိ နန်းကော်တိုးကျေးရွာ၊ ဝင်းကြီးကျေးရွာနှင့် ကော့ကရိတ်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ်(၂)၊ အမှတ်(၅)တို့၌ COVID-19 ကူးစက်မြန်ရောဂါ ပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့် ဆောင်ရန်/ရှောင်ရန် အချက်များအား အသံချဲ့စက်ဖြင့် ပြည်သူလူထု အတွင်း အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် Mask များ ဖြန့်ဝေပေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #krn_sep2020

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နတ်မောက်​​မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၉-၂၀၂၀)ရက်နေ့ ၌ နတ်မောက်မြို့နယ်၊ အင်းကုန်းကျေးရွာအုပ်စု၊ အင်းကုန်း(တ) ကျေးရွာ၊အင်းကုန်း(မ)ကျေး ရွာ၊ တံခွန်တိုင်ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာ၊ ပိတောက်ငုတ်ကျေးရွာအုပ်စု၊ ပိတောက်ငုတ်ရွာကြီးကျေးရွာနှင့် ပိတောက်ငုတ်ရွာလေးကျေးရွာတို့တွင် မော်တော်ယာဥ်ဖြင့် COVID-19 ဒုတိယလှိိုင်းမဖြစ်ပွားစေရန် ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ်များနှင့်ပက်သက်၍ ပြည်သူသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #mgy_sep2020 Source:             နတ်မောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events