Author Archives: Department of Disaster Management
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာဟောပြောပွဲနှင့် ငလျင်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်း(Table Top Exercise)ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၂-၂ဝ၂၂) နေ့တွင် စစ်ကိုင်းမြို့၊ ပြည်ထောင်စုတိုင်းရင်သားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကော လိပ်(စစ်ကိုင်း)တွင် ဆရာ/ ဆရာမ (၅၂)ဦး၊ ကျောင်းသား/ သူ (၅၉)ဦး စုစုပေါင်း(၁၁၁)ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ခြင်း၊ တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် ပြန်လည်ထူ ထောင်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ငလျင်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်း (Table Top Exercise)အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_feb2022 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၁-၂၀၂၂) ရက်နေ့၊ (၂၂း၂၅)နာရီအချိန်တွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အတွင်းရေကျော်ကျေးရွာအုပ်စု၊ အတွင်းရေကျော်ကျေးရွာ၌ မီးဘေးဖြစ်ပွားခဲ့မှုကြောင့် မီးဘေးသင့်အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀ဝ/-)ကျပ်၊ လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၄,၂၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၀၄,၂၀ဝ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၁)အိမ်ထောင်စုစာတို့အား (၂၄-၁-၂၀၂၂)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင် ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #ygn_jan2022 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဗီနိုင်းပိုစတာများစိုက်ထူမှုသတင်း
#ar #ygn_jan2022 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁-၂၀၂၂) ရက်နေ့တွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာများရရှိစေရေးအတွက် ငလျင်ဘေးအန္တရာယ်၊ မုန်တိုင်းဘေးအန္တရာယ်တို့နှင့်စပ်လျဉ်း၍ ဘေးမဖြစ်ပွားမီ ကြိုတင်ဆောင်ရွက်ရန်၊ ဘေးဖြစ်ပွားနေစဉ် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရန်၊ ဘေးဖြစ်ပွားပြီး နောက် ပြန်လည်ထူထောင်ရေးများဆောင်ရွက်ရန် စသည့် ဆောင်ရန်/ ရှောင်ရန် အချက် များပါဝင်သည့် ဗီနိုင်းပိုစတာများကို ရန်ကုန်တိုင်းဒေသကြီး(အရှေ့ပိုင်းခရိုင်)၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားရေးရာလူငယ်များစွမ်းရည် ဖွံဖြိုးရေးဒီဂရီကောလိပ်အတွင်းရှိ (၄)ထပ်စာသင်ဆောင်၊ အင်ဂျင်နီယာစာသင်ဆောင်ရှေ့နှင့် ကောလိပ်အတွင်းလမ်းဆုံတို့၌ စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။
-
မီးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၊ အမှတ် (၃)ရပ်ကွက်၊ ရွှေပေါက်ကံရပ်တွင် (၄-၁-၂၀၂၂) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၆)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၁၂,၆၀၀)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၁၁၂,၆၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ထောင်စု (၁)စုစာအား (၆-၁-၂၀၂၂)ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir … Read more
-
သစ်ပင်ပြိုလဲမှုကြောင့် နေအိမ်ပျက်စီး ဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာယာဝတီခရိုင်ဦးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၁၂-၂၀၂၁)ရက်နေ့ (၀၈း၁၀)အချိန်၌ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ တောင်ပန်းဆွဲကျေးရွာအုပ်စု၊ တောင်ဖလံကုန်းကျေးရွာတွင် သက်တမ်းရင့်ကုက္ကိုပင်အောက်ခြေဆွေးမြေ့၍ ပြိုလဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် သစ်ပင်ပိပြိုလဲပျက်စီးလူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝ/-)ကျပ်၊ အိမ်ထောင်စု(၁)စုရှိလူဦးရေ(၂)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၄,၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၄,၂၀၀/-)ကျပ်နှင့် လေးထောင့်ပလပ်စတစ်ပုံးအပါ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး အိမ်ထောင်(၁)စုစာတန်ဖိုးငွေ(၄၉,၀၃၆/)ကျပ်နှင့် ကတ္ထူစက္ကူပုံး(၁)ပုံးတို့အား (၂၄-၁၂-၂၀၂၁)ရက်နေ့၊ (၁၅း၃၀)နာရီအချိန်၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကျေးစာရေး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့်အတူ ဖလံကုန်းကျေးရွာတွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #bgo_dec2021 Source: သာယာဝတီခရိုင်ဦးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၆-၁၂-၂၀၂၁) ရက်နေ့၌ ထားဝယ်မြို့၊ အ.ထ.က(၅)၊ ထားဝယ်စာသင်ကျောင်း၌ ရာသီအလိုက်ဖြစ်ပွား တတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိ ပညာပေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်း၊ အသိပညာပေးဗီနိုင်းပိုစတာများဝေငှခြင်း၊ Hand Gel နှင့် လက်အိတ်များဝေငှခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_dec2021 Souce: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း
(၁၄-၁၂-၂၀၂၁)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထားဝယ်မြို့၊ အ.ထ.က(၁)၊ ထားဝယ်စာသင်ကျောင်း၌ ရာသီအလိုက် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အချက် များအား အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်း၊ Hand Gel နှင့် လက်အိတ်များ ဝေငှခြင်း၊ အသိပညာပေးဗီနိုင်းပိုစတာများ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ #ar #tny_dec2021 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၂-၂၀၂၁) ရက်နေ့၊ (၀၇:၄၀) နာရီအချိန်တွင် ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ (၁၅)ပေ ကွက်သစ်၊ ရေသိမ်ကန်လမ်းတွင် ဖြစ်ပွားသော မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးအိမ်ခြေ (၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀၀,၀၀ဝ)ကျပ်၊ လူဦးရေ (၃၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇၁,၄၀ဝ) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉၇၁,၄၀ဝ) ကျပ်အား (၉-၁၂-၂၀၂၁) ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် သန်လျင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ … Read more
-
မီးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁၂-၂၀၂၁) ရက်နေ့၊ (၁၉:၃၀) အချိန်၌ ဘားအံမြို့နယ်၊ လှာကဒေါင်ကျေးရွာအုပ်စု၊ နိုင်းကြာကျေးရွာတွင် အလျား(၂၀)ပေ၊ အနံ(၄၀)ပေ၊ အုတ်ညှပ်သွပ်မိုး (၂)ထပ်နေအိမ်(၁)လုံး မီးလောင်ကျွမ်းမှုူကြောင့် ပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀)ကျပ်၊ (၄၆,၀၃၆)ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ အိမ်ထောင်စု(၁)စုစာနှင့် လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ (၁၄,၇၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၄,၇၀၀) ကျပ်အား (၆-၁၂-၂၀၂၁) ရက်နေ့၊ (၁၃:၀၀) အချိန်တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
မီးဘေးအသိပညာပေးဆိုင်းဘုတ်စိုက်ထူပြီးစီမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုက်ရာစီမံခန့်ခွဲမှုဦးစီးဌာ၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှသူများသည် မီးဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်အား (၂၉-၁၁-၂၀၂၁) ရက်နေ့တွင် ကလေးမမြို့၊ ဗိုလ်ချုပ်လမ်း၊ လေယဉ်ကွင်းအရှေ့၌ စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) #office_dev #sgg_nov2021
