မီးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁၂-၂၀၂၁) ရက်နေ့၊ (၁၉:၃၀) အချိန်၌ ဘားအံမြို့နယ်၊ လှာကဒေါင်ကျေးရွာအုပ်စု၊ နိုင်းကြာကျေးရွာတွင်  အလျား(၂၀)ပေ၊ အနံ(၄၀)ပေ၊ အုတ်ညှပ်သွပ်မိုး (၂)ထပ်နေအိမ်(၁)လုံး မီးလောင်ကျွမ်းမှုူကြောင့် ပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀)ကျပ်၊  (၄၆,၀၃၆)ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ အိမ်ထောင်စု(၁)စုစာနှင့် လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ (၁၄,၇၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၄,၇၀၀) ကျပ်အား (၆-၁၂-၂၀၂၁) ရက်နေ့၊ (၁၃:၀၀) အချိန်တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#krn_dec2021

Sign Up

Upcoming Events