သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဗီနိုင်းပိုစတာများစိုက်ထူမှုသတင်း

#ar

#ygn_jan2022

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁-၂၀၂၂) ရက်နေ့တွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာများရရှိစေရေးအတွက် ငလျင်ဘေးအန္တရာယ်၊ မုန်တိုင်းဘေးအန္တရာယ်တို့နှင့်စပ်လျဉ်း၍ ဘေးမဖြစ်ပွားမီ ကြိုတင်ဆောင်ရွက်ရန်၊ ဘေးဖြစ်ပွားနေစဉ် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရန်၊ ဘေးဖြစ်ပွားပြီး နောက် ပြန်လည်ထူထောင်ရေးများဆောင်ရွက်ရန် စသည့် ဆောင်ရန်/ ရှောင်ရန် အချက် များပါဝင်သည့် ဗီနိုင်းပိုစတာများကို ရန်ကုန်တိုင်းဒေသကြီး(အရှေ့ပိုင်းခရိုင်)၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားရေးရာလူငယ်များစွမ်းရည် ဖွံဖြိုးရေးဒီဂရီကောလိပ်အတွင်းရှိ (၄)ထပ်စာသင်ဆောင်၊ အင်ဂျင်နီယာစာသင်ဆောင်ရှေ့နှင့် ကောလိပ်အတွင်းလမ်းဆုံတို့၌ စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events