Author Archives: Department of Disaster Management

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပခြင်းသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိ သူများသည် (၂၈-၂-၂၀၁၇) ရက်နေ့တွင် မိုင်းဖြတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ လေပြင်းဘေးနှင့် ပက်သက်ပြီးပြည်သူသို့ ပန်ကြားချက်ဖြန့်ဝေခြင်း၊ Disaster Management Law စာအုပ်များဖြန့် ဝေခြင်း၊ DAN Mobile Application Software များရှင်းလင်း ဖြန့်ဝေခြင်းနှင့်  DAN Mobile Application Software စတစ်ကာများကပ်ခြင်းတို့ ကျင်းပပြုလုပ်ခဲ့ရာ လူဦးရေစုစုပေါင်း (၈၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိ သူများသည် (၂၇ – ၂ – ၂၀၁၇) ရက်နေ့တွင် မိုင်းဆတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးအစည်းဝေး ခန်းမ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ လေပြင်းဘေးနှင့် ပက်သက်ပြီးပြည်သူသို့ပန်ကြားချက်ဖြန့်ဝေခြင်း၊ DAN Mobile Application Software များဖြန့်ဝေပေးခြင်း၊ DAN Mobile Application Software စတစ်ကာများကပ်ပေးခြင်းနှင့် Disaster Management Law များဖြန့်ဝေခြင်းတို့ ကျင်းပပြုလုပ်ခဲ့ရာ လူဦးရေးစုစုပေါင်း (၁၂၅) ဦး တက်ရောက်ကြောင်းသတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး … Read more

  • မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခန်းပြုလုပ်ခြင်းသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)၏ ကြီးကြပ်မှု နှင့် မြို့နယ်သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်ခန်းကို (၂၅ – ၂ -၂၀၁၇) ရက်နေ့၌ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဖုတ်ကုန်းကျေးရွာတွင် ပြုလုပ်ခဲ့ရာ ထိုဇာတ်တိုက်လေ့ကျင်းခန်းတွင်  ဘေးအန္တရာယ်ကျရောက်ပါက ကျေးရွာလူထုအနေဖြင့် ယခုလေ့ကျင့်ခန်းမှ အားနည်းချက်များကို ပြုပြင်ဆောင်ရွက်နိုင်စေရန်နှင့် ကျရောက်လာမည့် ဘေးအန္တရာယ်များကို တုံ့ပြန်ဆောင်ရွက်တတ်သော အလေ့အကျင့်များရရှိစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပြီး မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ကျေးရွာသူ/သား စုစုပေါင်းလူဦးရေ (၄၅၀) ဦးခန့်  … Read more

  • သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    (၂၄-၂-၂၀၁၇)ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှတာဝန်ရှိသူများသည်  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မီးသွေးချောင်းကျေးရွာအုပ်စု၊ လယ်ကိုင်းကျေးရွာတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောပွဲကျင်းပခြင်းနှင့်  သဘာဝဘေးစီမံခန့်ခွဲမှု၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဘေးအန္တရာယ် ဖြစ်ပွားမှုနှင့်အတူ လိုက်လျောညီထွေနေထိုင်ခြင်း၊ အဖြစ်များသောဘေးအန္တရာယ်များ၏ ဆောင်ရန်၊ ရှောင်ရန်များကို ဆွေးနွေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ၊ ပိုစတာများဖြန့်ဝေခြင်းနှင့် DAN Mobile Application ဖြန့်ဝေခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ကျေးရွာသူ/သား (၂၄၀)ဦးတက်ရောက် ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • ပင်လောင်းမြို့နယ်နှင့်ဆီဆိုင်မြို့နယ်များ၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဟောပြောပွဲနှင့် မူးယစ်ဆေးဝါး အန္တရာယ်ပညာပေးဟောပြောပွဲများပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၄-၂-၂၀၁၇) ရက်နေ့၌ ပင်လောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမနှင့် ဆီဆိုင်မြို့နယ်စုပေါင်းခန်းမတို့၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေး ဟောပြောမှု၊ DAN Mobile Application အသုံးပြုနည်းများ၊ လက်ကမ်းစာစောင်များဝေငှခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်ပညာပေးဟောပြောပွဲများ ပြုလုပ်ကျင်းပခဲ့ပြီး ပင်လောင်းမြို့နယ်ရှိ ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ NGO များ စုစုပေါင်းအင်အား (၁၂၀) ဦးခန့်နှင့် ဆီဆိုင်မြို့တွင် လူဦးရေစုစုပေါင်း (၁၅၀) ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ Source:              ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ) ပင်လောင်းမြို့နယ်နှင့်ဆီဆိုင်မြို့နယ်များ၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဟောပြောပွဲနှင့် မူးယစ်ဆေးဝါး … Read more

  • ထားဝယ်မြို့နယ်၊ ဇလွန်းကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း

      ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)မှ တာဝန်ရှိသူများသည် (၂၀-၂-၂၀၁၇) ရက်နေ့တွင် ထားဝယ်မြို့နယ်၊ ဇလွန်းကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ရွာသူ/ရွာသား စုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • လောင်းလုံးမြို့နယ်၊တောင်မင်းပြောင်ကျေးရွာ၌မီးဘေးဖြစ်ပွားမှုအတွက်ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ) မှတာဝန်ရှိသူများသည် (၂၃-၂-၂၀၁၇) ရက်နေ့တွင်လောင်းလုံးမြို့နယ်၊ တောင်မင်းပြောင်ကျေးရွာ၌ ဖြစ်ပွားသောမီးဘေးအတွက် မီးဘေးသင့်အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၃) စု၊ လူဦးရေ (၁၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာဖိုးငွေ (၁၀,၈၀၀ိ/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း (၄၁၀,၈၀၀ိ/) ကျပ် တို့အား (၂၃-၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events