Author Archives: Department of Disaster Management

  • လေဘေးသင့် ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၀-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ကျားကျွန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ(၄)ဦးတို့အတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုးထောက်ပံငွေ (၈၄၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၈၄၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၁)အိမ်ထောင်စာ အား(၂၇-၁၀-၂၀၂၀)ရက်နေ့ (၁၅း၀၀)နာရီအချိန်တွင် ဘေးသင့်နေအိမ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw #bgo _oct2020 ———————— လေဘေးသင့် ပြည်သူများအား ထောက်ပံ့ခြင်း … Read more

  • Covid-19 ကူးစက်ရောဂါ စစ်ဆေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၀-၂၀၂၀) ရက်နေ့တွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ မြို့အဝင်/ အထွက်ဂိတ်များ၌ ပြည်သူများအား Covid-19 ကူးစက်ရောဂါ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #bgo _oct2020 Source:             တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါ အသိပညာပေး နှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၁၀-၂၀၂၀)ရက်နေ့တွင် ရေနံချောင်းမြို့ပေါ်ရပ်ကွက်များဖြစ်သည့် (တွင်းကုန်းရပ်ကွက်၊ ဘေးမဲ့ရပ်ကွက်၊ ဘိုကုန်းရပ်ကွက်)များတွင်လှည့်လည်၍ Covid-19 ကူးစက်ရောဂါနှင့်ပက်သတ်၍ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်း​ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #mgy _oct2020 Source:             ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • (Covid-19)ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အများပြည်သူအား အသိပညာပေး လှည့်လည်ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၀-၂၀၂၀) ရက်နေ့ (၀၉:၃၀) နာရီအချိန်မှ (၁၁:၃၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ မုကွဲကျေးရွာအတွင်းရှိ လမ်းဆုံလမ်းခွ များနှင့် လူစည်ကားရာနေရာများတွင် (COVID -19) ကူးစက်ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရန် ပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား အသံချဲ့စက်များဖြင့် လှည့်လည်အသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mon_oct2020     Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးသင့်‌ ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ငူမြို့နယ်၊ အမှတ် (၁၁)ရပ်ကွက်တွင် (၂၆-၁၀-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-)၊ ဘေးသင့်လူဦးရေ (၈) ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ (၁၆၈၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၆၈၀၀/-)အား (၂၇-၁၀-၂၀၂၀) ရက်နေ့ (၁၁း၃၀) အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကရုဏာရင်ခွင် (အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုကူညီရေးပရဟိတအသင်း)မှ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_fir #bgo_oct2020 … Read more

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး နှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် FUTURE LIGHT အဖွဲ့နှင့်အတူ (၂၆-၉-၂၀၂၀)ရက်နေ့၌ လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာ၊ စွန်တောင်ပေါ်ကျေးရွာနှင့် ပန်းစိပ်ကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်း၊ Maskများဝေငှပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #tny_oct2020 Source:             တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • မြေနေရာ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး၊ ဒေါ်၀င်းစန္ဒာကြည်သည် လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများ၊ စမ်းလှမ်းကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ထား၀ယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာတွင် Cyclone Shelter တည်ဆောက်နိုင်ရေးအတွက် အကျိုးပြုနိုင်မည့်လူဦးရေနှင့် ကျေးရွာများ၊ တည်ဆောက်မည့်မြေနေရာအခြေအနေနှင့် Shelter သို့ သွားရောက်နိုင်မည့် လမ်းကြောင်းအခြေအနေများအား (၁၉.၁၀.၂၀၂၀) ရက်နေ့ (၁၄: ၀၀) အချိန်တွင် ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။   #infra_dev #tny_oct2020 Source:             တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)  

  • တံတားတည်ဆောက်ခြင်းအတွက် ထောက်ပံ့ငွေ ပေးအပ်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တခါးမြို့နယ်ဦးစီးမှူးရုံးမှ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဂုံမင်းကွင်းကျေးရွာအုပ်စု၊ ဖြူးစုကျေးရွာ တွင် တံတားအသစ်(၁)စင်း တည်ဆောက်ခြင်းလုပ်ငန်းအတွက် ထောက်ပံ့ငွေကျပ် (၉၉၄၀၀၀၀) ကျပ် (ကိုးဆယ့်ကိုးသိန်းလေးသောင်းတိတိ)အား (၂၆.၁၀.၂၀၂၀) ရက်နေ့‌ ၊ (၁၅:၀၀) နာရီအချိန်တွင် ဂုံမင်းကွင်းကျေးရွာအုပ်စု၊ အခြေခံပညာမူလတန်းလွန်ကျောင်း(ကျန်သရီး)၌ ကျောက်တံခါးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကျောက်တံခါးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဂုံမင်းကွင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးနှင့်တံတားဖြစ်မြောက်ရေးကော်မတီသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_otr #bgo_oct2020 Source:             ကျောက်တခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ

  • မြေပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တမူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၀-၂၀၂၀) ရက်နေ့၌ တမူးခရိုင်၊ တမူးမြို့၊ စျေးတန်း(၁၁)ရပ်ကွက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးပါ (၁)အိမ်ထောင်စာ၊ Mask (၆)ခု၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ်နှင့် လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၃၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၀၆၃၀၀/-)ကျပ်အား (၂၆-၁၀-၂၀၂၀)ရက်နေ့ (၁၅:၀၀)နာရီ အချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တမူးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_lsd #sgg_oct2020

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၀-၂၀၂၀) ရက်နေ့တွင် ဝမ်နောင်ရွာနှင့်ဟွေကျင်ရွာတို့တို့တွင် COVID-19 ကူးစက်ရောဂါ ကာလအတွင်း ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_oct2020

Sign Up

Upcoming Events