မီးဘေးသင့်‌ ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ငူမြို့နယ်၊ အမှတ် (၁၁)ရပ်ကွက်တွင် (၂၆-၁၀-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-)၊ ဘေးသင့်လူဦးရေ (၈) ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ (၁၆၈၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၆၈၀၀/-)အား (၂၇-၁၀-၂၀၂၀) ရက်နေ့ (၁၁း၃၀) အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကရုဏာရင်ခွင် (အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုကူညီရေးပရဟိတအသင်း)မှ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_fir

#bgo_oct2020

Source:             တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events