Author Archives: Department of Disaster Management
-
ကလေးမွေးစာရင်းထုတ်ပေးြခင်း အရှိန်မြှင့်တင်ဆောင်ရွက်
၂၈.၄.၂၀၁၇၊ နေပြည်တော် ကလေးမွေးစာရင်းထုတ်ပေးခြင်းသည် နိုင်ငံသားြဖစ်ခြင်း၊ မဖြစ်ခြင်းနှင့်လုံးဝ မသက်ဆိုင် ပါကြောင်း၊ ကလေးသူငယ်ဥပဒေအရ ကလေးမွေးဖွားရာနေရာတွင် မွေးစာရင်းရပိုင်ခွင့်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်နယ်/တိုင်း(၇)ခု၌ Campaignအသွင် မွေးစာရင်းထုတ်ပေးမှု ဆောင်ရွက်ခဲ့ရာ ကျန်ရှိသောပြည်နယ်/တိုင်းများတွင် ဆက်လက်ဆောင်ရွက်ရန်ရှိကြောင်း၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် မကြာမီဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် Door to Door စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်းဖြင့် (၂၈-၄-၂၀၁၇)ရက်နေ့၊နံနက်ပိုင်းက လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ကျင်းပသောမွေးဖွားမှု မှတ်ပုံတင်ရေး အရှိန်မြှင့်ဆောင်ရွက်ရေး အစည်းအဝေးတွင် တက်ရောက်လာကြသူများက ဆွေးနွေးပြောကြားခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန … Read more
-
ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးသတိပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း
ကယ်ဆယ်ရေးနှင့် ြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၄-၂၀၁၇) ရက်နေ့တွင် ဘုရင့်နောင်ဆိပ်ကမ်းနှင့် ဆိပ်ကမ်းသာပန်းခြံတို့တွင် လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးသတိပေး ဆိုင်းဘုတ်စိုက်ထူခဲ့ကြောင်းသတင်းရရှိပါသည်။
-
ကလေးခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တမူးခရိုင်၊ တမူးမြို့နယ်တွင် (၇-၄-၂၀၁၇)ရက်နေ့ နေ့လည် (၁းဝဝ)နာရီကျော်တွင် တိုက်ခတ်ခဲ့သော လေဘေးကြောင့် မြို့မရပ်ကွက်တွင် နေအိမ် (၆)လုံး၊ စော်ဘွားအင်းရပ်ကွက်တွင် နေအိမ် (၄) လုံး၊ ဟဲဇင်းကျေးရွာတွင်နေအိမ် (၁၃) လုံး၊ စုစုပေါင်း (၂၃)လုံးအမိုးလန်ပျက်စီးခဲ့သည့်အပြင် (၂၈-၄-၂၀၁၇) ရက်နေ့ နေ့လည်ပိုင်းက တမူးမြို့နယ်အတွင်းတွင် လေပြင်းများထပ်မံတိုက်ခတ်မှုကြောင့် အလှော်ကျေးရွာအုပ်စုတွင်နေအိမ် (၃)လုံး၊ ခမိတ်ကျေးရွာအုပ်စုတွင်နေအိမ် (၃)လုံး၊ ဝိတုတ်ကျေးရွာအုပ်စုတွင် နေအိမ် (၁၉)လုံး၊ စုစုပေါင်းနေအိမ် (၂၅)လုံးအမိုးလန်ပျက်စီးခဲ့ပါသည်။ အဆိုပါ (၂)ရက်အတွင်းဖြစ်ပွားခဲ့သည့် နေအိမ်စုစုပေါင်း(၄၈)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း … Read more
-
မွန်ပြည်နယ်ဦးစီးမှူးရုံးမှ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးသတိပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း
ကယ်ဆယ်ရေးနှင့် ြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးရှိ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်(၂၉-၄-၂၀၁၇) ရက်နေ့ (၀၉၃ဝ)နာရီအချိန်တွင် မော်လမြိုင်မြို့၊ သာယာအေးရပ်ကွက်၌ လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးသတိပေး ဆိုင်းဘုတ်ဗီနိုင်စိုက်ထူခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ကသာခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဗန်းမောက်မြို့နယ်၊ စက်တောကျေးရွာနေပြည်သူ (၆၀) ဦးခန့် အား (၂၉-၄-၂၀၁၇)နေ့ (၁ဝဝ၀)အချိန်မှ(၁၁၄၅)အချိန်အထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးဝေခဲ့ကြောင်းသတင်းရရှိပါသည်။
-
ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ မိုးသီးဘေးအတွက်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကတ်ဖကျေးရွာအုပ်စု၊ ဝမ်ဆိုင်းလွယ်ရွာ မိုးသီးဘေးကြောင့်ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ခြေ (၂၀)အတွက် အလူဇင့်သွပ် (၄၀၀) ချပ်နှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁၃)သိန်းအား (၂၈-၄-၂၀၁၇) ရက်နေ့တွင်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ ပုဗ္ဗသီရိမြို့နယ်၊ အေးမေတ္တာစံ ပရဟိတဂေဟာ၌ (၂၈-၄-၂၀၁၇)ရက်နေ့က သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်းနှင့် အဆိုပါဂေဟာသို့ အဝတ်ထုပ်နှင့် ခေါက်ဆွဲခြောက်များထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ကသာခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဗန်းမောက်မြို့နယ်ရှိ ရပ်ကွက်\ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်ကျေးရွာအထောက်အကူပြုကော်မတီဝင် စုစုပေါင်း (၇၉) ဦးကို( ၂၈-၄-၂၀၁၇)နေ့ (၀၉ဝ၀)အချိန်မှ( ၁၆ဝ၀)အချိန်အထိ ဗန်းမောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းဖွင့်လှစ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးဦးဆောင်သော အမှုထမ်း/အရာထမ်းများသည် (၂၈-၄-၂၀၁၇)ရက်နေ့တွင် ရမည်းသင်းမြို့နယ်၊ ဆထ္ကိုးပေါက်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်း၊ ရေဘေးကြိုတင်ပြင်ဆင်ရေး ဇာတ်တိုက်လှုပ်ရှားမှု ဆောင်ရွက်နိုင်ရန် အကြိုကွင်းဆင်းလျက် ရွာသူရွာသားများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ကျေးရွာ၏သဘာဝဘေးနှင့်ပတ်သက်ပြီး အားနည်းချက် အားသာချက်များကို လေ့လာကြည့်ရှုခဲ့ကြောင်းသတင်းရရှိပါသည်။
-
ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ မုန်တိုင်းဘေးကြိုပြင်ဆင်ရေးဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ရန် ကွင်းဆင်းဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်မှူးဦးဆောင်သည့် အဖွဲ့သည် စစ်တွေမြို့နယ်၊ ချောင်းငယ်မင်းဂံကျေးရွာတွင် မုတ်သုန်အကြိုကာလအတွင်း မုန်တိုင်းဘေးကြိုတင်ပြင်ဆင်ရေးဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ရန် (၂၉-၄-၂၀၁၇)ရက်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။
