Author Archives: Department of Disaster Management
-
မီးဘေးသင့်ပြည်များသူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ (ဃ)ရပ်ကွက်၊ ယုဇနလမ်းတွင် (၁၁-၂-၂၀၂၂) ရက်နေ့၊ (၀၈:၅၂)နာရီအချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ လုံးဝပျက်စီးနေအိမ် (၂)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၂)လုံး၊ မီးတားကြိုတင်ဖျက်သိမ်းနေအိမ် (၂)လုံးတို့ မီးဘေးသင့်ခဲ့ပြီး၊ အိမ်ထောင်စု(၆)စုမှ လူဦးရေ(၃၅)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် မီးဘေးသင့်နေအိမ် (၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၈၀,၀၀၀)ကျပ်၊ လူဦးရေ (၃၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇၃,၅၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၆)အိမ်ထောင်စာနှင့် ကိုဗစ်-၁၉ ကြိတင်ကာကွယ်နိုင်ရေးအတွက် အိမ်ထောင်စု(၆)စုအတွက် ဆပ်ပြာ (၆)တောင့်၊ … Read more
-
အသိပညာပေးဆောင်ရွက်မှုသတင်း
(၁၁-၂-၂၀၂၂)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံး၊ တာဝန်ရှိသူများသည် လားရှိုးမြို့ပေါ်ရပ်ကွက်များ၌ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးအကြောင်း အသိပညာပေး ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ #ar #shn_feb2022 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ထောက်ပံ့မှုသတင်း
(၁၀-၂-၂၀၂၂)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် မြို့နယ်အတွင်း နယ်မြေအေးချမ်းမှုမရှိသဖြင့် ခေတ္တတိမ်းရှောင်နေကြ ရသည့် ကျေးရွာ(၂၃)ရွာမှ အိမ်ထောင်စု(၄၅)စု၊ လူဦးရေ(၁၄၆)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၆၁၃၂၀၀/-)ကျပ်အား မင်းကင်းမြို့နယ်စီမံအုပ်ချုပ်ရေးရုံး၌ တာဝန်ရှိသူများ နှင့်အတူ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #sgg_feb2022 Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၂-၂၀၂၂) ရက်နေ့ (ဝ၈:၄၅)ချိန်ခန့်တွင် လားရှိုးမြို့၊ ရက်ကွက် (၈)၊ နမ(၈)၊ အင်ကြင်းလမ်းရှိ နေအိမ်အတွင်း ထမင်းပေါင်းအိုးတည်ထားခဲ့ရာ အပူလွန်ကဲ၍ မီးကူးဆက်လောင်ကျွမ်းခဲ့ပါသဖြင့် မီးဘေးသင့်နေအိမ်(၁)လုံးအတွက် ထောက်ပံ့ငွေ (၂၀၀,၀၀၀)ကျပ်၊ လူဦးရေ(၂)ဦးအတွက် ဆန်(၇)ရက်စာ (၄,၂၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုးအိမ်ထောင်စု(၁)စုစာအား (၁၀-၂-၂၀၂၂) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fir #shn_feb2021
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၂-၂၀၂၂)ရက်နေ့ (၀၄း၃၀)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ လက်ပံပင်စုကျေးရွာအုပ်စု၊ လက်ပံပင်စုကျေးရွာ၌ မီးဘေးဖြစ်ပွားခဲ့ရာ အဆိုပါ မီးဘေးကြောင့် မီးဘေးသင့်နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀၀/-) ကျပ်၊ လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၄,၇၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ ငွေ(၂၁၄,၇၀၀/-)ကျပ်နှင့် ထောက်ပံ့ပစ္စည်း(၁၇)မျိုး တစ်အိမ်စာတို့အား (၇-၂-၂၀၂၂)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #bgo_feb2022 Source: သာယာဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၂-၂၀၂၂) ရက်နေ့(၁၃:၁၀)နာရီ အချိန်ခန့်တွင်မွန်ပြည်နယ် သထုံခရိုင်၊ ပေါင်မြို့နယ် ဆားဖိုစုရပ်ကွက်၊ နယ်မြေ (၄)တွင် နေအိမ် မီးဖို မီးကြွင်းမီးကျန်မှတဆင့် မီးကူးစက်လောင်ကျွမ်းမှုကြောင့် လုံးဝပျက်စီးခဲ့သည့် လူနေအိမ်(၄)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀,၀၀ဝ) ကျပ်နှင့် လူဦးရေ စုစုပေါင်း(၁၁)ဦးတို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၃,၁၀ဝ) ကျပ်၊ စုစုပေါင်းထောက် ပံ့ငွေ (၇၂၃,၁၀ဝ) ကျပ်အားလည်းကောင်း လုံးဝပျက်စီးလူနေအိမ် (၃)လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အိမ်ထောင်စု(၃)စုစာအတွက် တန်ဖိုးငွေ (၁၃၈,၁၀၈) ကျပ်နှင့် … Read more
-
စစ်ဘေးရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ မြို့ဦးကျောင်းတိုက်နှင့် သီတာရုံကျောင်းတိုက်တို့၌ စစ်ဘေးကြောင့် ပြောင်းရွှေ့နေထိုင်ခိုလှုံသူ အိမ်ထောင်စု(၃၃)စု၊ ကျား(၅၈)ဦး၊ မ(၇၃)ဦး၊ စုစုပေါင်း(၁၃၁)ဦး တို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၇၅,၁၀ဝ/-)ကျပ်အား (၄-၂-၂၀၂၂) ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #mon_feb2022 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅-၂-၂၀၂၂)ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် ဖောင်းပြင်မြို့၊ စည်ပင်သာယာဈေး၌ မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ မီးဘေးဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့်မီးသတ်ဦးစီးဌာနတို့မှတာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_feb2022 Source: ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မိုင်းထိဒဏ်ရာရပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃-၂-၂၀၂၂) ရက်နေ့(၁၁:၀၀) အချိန်ခန့်တွင် သီပေါမြို့နယ်၊ ကျင်သီးကျေးရွာအုပ်စု၊ တွန်ဆောက်ကျေးရွာမှ ပြည်သူတစ်ဦးသည် ပြောင်းစိုက်ခင်းသို့သွားစဉ် လက်လုပ်မိုင်းနင်းမိ၍ ဒဏ်ရာရရှိခဲ့သဖြင့် လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူလျက်ရှိရာ အဆိုပါ ဒဏ်ရာရပြည်သူအတွက် ထောက်ပံ့ငွေ(၅၀,၀၀၀/-)ကျပ်အား (၅-၂-၂၀၂၂)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #shn_feb2022 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၁-၂၀၂၂)ရက်နေ့ (၁၂:၃၀)အချိန်ခန့်တွင် လားရှိုးမြို့၊ ရက်ကွက်(၅)၊ နမ(၁၃)၊ (၅၆)လမ်း၊ အိမ်အမှတ်(င/၁၃/၆၃)၌ ခြင်ဆေးခွေမှ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အဆိုပါ မီးဘေးသင့်နေအိမ်(၁)လုံးအတွက် ထောက်ပံ့ငွေ(၂၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၇)ဦးအတွက် ဆန်(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၄,၇၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုး အိမ်ထောင်စု(၁)စုစာအား (၁-၂-၂၀၂၂) ရက်နေ့တွင် မီးဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #shn_feb2022 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)
