Author Archives: Department of Disaster Management

  • သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမတာဝန်ရှိသူများသည် (၂၆-၉-၂၀၁၇)ရက်နေ့တွင် မအူပင်မြို့နယ်၊ တလုပ်လပ်အနောက်ကျေးရွာအုပ်စု၊ တလုပ်လပ်(အလယ်) ကျေးရွာ၌ ပြည်သူလူထု (၁၅၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် မိုးကြိုးဘေးဗီနိုင်းပိုစတာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးမှူးရုံး (ကဆရ)

  • သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ သည် (၂၇ – ၉ – ၂၀၁၇) ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မော်ဖောင်းကျေးရွာ၊ ကျေးရွာပြည်သူ့ခန်းမ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူ များမှ ဦးစီးဌာန၏ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသော ဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ သိကောင်းစရာများတို့ကို ဟောပြောဆွေးနွေးခဲ့ရာ လူဦးရေ စုစုပေါင်း (၂၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူမျာအား သဘာဝဘေးအန္တရာယ် လျော့ပါးရေး ဆိုင်ရာလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • သောက်/သုံးရေထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်း ဦးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၉-၂၀၁၇)ရက်နေ့တွင် ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်ကျေးရွာ အုပ်စု မြောက်ချောင်းကျေးရွာရှိ နေအိမ် (၅၉) လုံးအား တပင်ရွှေထီးရပ်ကွက်အတွင်းရှိ နေပြည်တော် စည်ပင်သာယာရေးကေ်မတီမှ မြေကွက်ဖော်ထုတ်ထားသည့်မြေနေရာသို့ ပြောင်းရွှေလျက်ရှိရာ သောက်ရေ သုံးရေလိုအပ်နေပါသဖြင့် သုံးရေ (၄၈၀၀) ဂါလံနှင့် သောက်ရေသန့် (၂၀) လီတာဝင် (၅၉) ဗူးအား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးမှူးရုံး (ကဆရ)

  • သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း ဖွင့်လှစ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးမှူးရုံးမှတာဝန်ရှိသူများသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်(၂၆-၉-၂၀၁၇)ရက်နေ့တွင် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းကို သင်တန်းသား(၃၀)ဦး ဖြင့်(၂၆-၉-၂၀၁၇)မှ (၂၉-၉-၂၀၁၇)ရက်နေ့ထိ ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးမှူးရုံး (ကဆရ)

  • အကြမ်းဖက်ဖြစ်စဥ်များကြောင့် ခေတ္တနေရပ်စွန့်ခွာတိုင်းရင်းသားများအတွက် အလှူပစ္စည်းများပေးအပ်မှုသတင်း

    ARSA အစွန်းရောက်အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဥ်များကြောင့် ခေတ္တနေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသားများအတွက် အလှူပစ္စည်းပေးအပ်ပွဲ အခမ်းအနားကို (၂၆-၉-၂၀၁၇) ရက်နေ့ မွန်းလွဲပိုင်းက လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ အစည်း အ‌ေ၀းခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ ကမ္ဘောဇနာရေးနှင့် လူမှု ကူညီရေးအသင်းမှ အုပ်ချုပ်သူ ဦးဆန်းဦးက ငွေကျပ်(၂,၈၀၀,၀၀၀ိ/-) တန်ဖိုးရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကိုကိုနိုင်က လွှဲပြောင်းလက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိသည်။

  • ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေများထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကလေးဒေသတွင် ဘုန်းကြီးကျောင်းများ၊ အများပိုင်အဆောက်အဦးများ၌ ရေဘေးရှောင်ကြသည့် ထောက်ပံ့ရန်စာရင်းကျန်ရှိသော အိမ်ထောင်စုများ အတွက် အိမ်ခြေ (၈၅) လုံး၊ အိမ်ထောင်စု (၈၈) စု၊ လူဦးရေ (၄၆၈) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ စုစုပေါင်း (၉၈၂၈၀၀) အား  (၂၅-၉-၂၀၁၇) နေ့၌ ကလေးမြို့နယ်ထွေထွေအုပ်ချုပ်ရေးရုံးခန်းတွင် ရေဘေးသင့်သူများထံသို့ ပေးအပ်ခဲ့ပါသည်။ ကလေး ဒေသရေကြီးမှုဖြစ်စဉ်တွင် စုစုပေါင်းထောက်ပံ့ပြီးစီးမှုမှာ (၂၅-၉-၂၀၁၇) ရက်နေ့ထိ ရပ်ကွက်/ကျေးရွာ (၁၉) ရွာမှ အိမ်ခြေ (၂၂၇၄) လုံး၊ … Read more

  • မိုးကြိုးထိမှန်သေဆုံးမှုအတွက်ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၉-၂၀၁၇)ရက်နေ့တွင် လယ်ဝေးမြို့နယ်၊ ကျသောင်းတောင်အုပ်စု၊ ကျောက်မဆင်ချောင်းအနီးရှိ ယာကွက်အတွင်း နွားကျောင်းရန်ထွက်သွားရာမှ မိုးကြိုးထိမှန်သေဆုံးခဲ့သော ပြည်သူတစ်ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀ဝိ/-) ကျပ်တိတိအား (၂၅-၉-၂၀၁၇)ရက်နေ့တွင် မိသားစုဝင်များထံသို့ ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးမှူးရုံး (ကဆရ)

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၉-၂၀၁၇)ရက်နေ့တွင် ပုဗ္ဗသီရိ မြို့နယ်၊ ဝဏ္ဏဒီပရပ်ကွက် စွယ်တော်(၁၄)လမ်းနှင့် ဧရာဝတီ(၄)လမ်းထောင့်၊ အိမ်အမှတ်(၃၄၃၄၂)တွင် ဖြစ်ပွားခဲ့သောမီးဘေးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စုစာ၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ(၂၀၀,၀၀ဝိ/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀ဝိ/-) ကျပ်၊ စုစုပေါင်း (၂၁၀,၅၀ဝိ/-)ကျပ် တို့အား (၂၅-၉-၂၀၁၇)ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးမှူးရုံး (ကဆရ)

  • အလှူငွေလက်ခံရရှိမှုသတင်း

      ရခိုင်ပြည်နယ် ARSA အကြမ်းဖက်မှုများကြောင့် ယာယီတိမ်းရှောင်ပြည်သူများအတွက် (၂၂-၉-၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ ဒေါက်တာတင်ဦး+ဇနီးကေသီမောင် သား Dr.အောင်ဖြိုးသော်၊သမီး အေးမြတ်မြတ် မိသားစုတို့မှ အလှူငွေကျပ် (၃၀၀,၀၀၀) အား လာရောက်လှူဒန်းခဲ့ရာ တာဝန်ရှိသူများမှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန် လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)  

Sign Up

Upcoming Events