Author Archives: Department of Disaster Management
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၁-၂၀၁၇)တွင် သာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ် ၊ ရေကြည်ကျေးရွာအုပ်စု၊ ဘုန်းကြီးရေဆည်ကျေးရွာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ သဘာဝဘေးအန္တရာယ်နှင့်ပက်သက်သည့်ကြိုတင်ပြင်မှုများ၊ ဆောင်ရန်/ရှောင်ရန် များအားဟောပြောခြင်း၊ ကျေးရွာသူ/သားများအား လက်ကမ်းစာဆောင်နှင့် ခေါက်ဆွဲထုတ် (၁၀၀) အားပေးအပ်ခဲ့ပြီး ကျေးရွာသူ/သား ၊ ကျောင်းသူ /ကျောင်းသားများ လူဦးရေ စုစုပေါင်း (၁၀၀)ဦးခန့် ၊ တာပွန်မြို့နယ် ရဲစခန်းမှ ရဲအုပ်နှင့် တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နတ်ညွှန်းကျေးရွာအုပ်စု၊ နတ်ညွှန်းရွာသစ်ကျေးရွာ၌ (၁၇-၁၁- ၂၀၁၇)ရက်နေ့က ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု (၁)စု၊ လူဦးရေ (၈)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ ဆန်ရိက္ခာ(၇)ရက်စာတန်ဖိုးငွေကျပ် (၁၆,၈၀၀)၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁၀၀,၀၀၀)၊ စုစုပေါင်းငွေကျပ် (၁၁၆,၈၀၀)တို့အား (၂၂-၁၁-၂၀၁၇)ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးလောင် ကျွန်းကျေးရွာအုပ်စု၊ ပေါက်တောကျွန်းကျေးရွာ၌ (၁၇-၁၁- ၂၀၁၇)ရက်နေ့က ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု (၁)စု၊ လူဦးရေ (၂)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ ဆန်ရိက္ခာ(၇)ရက်စာတန်ဖိုးငွေကျပ် (၄,၂၀၀)၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁၀၀,၀၀၀)၊ စုစုပေါင်းငွေကျပ် (၁၀၄,၂၀၀)တို့အား (၂၂-၁၁-၂၀၁၇)ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်း ကျေးရွာ၌ (၁၇-၁၁- ၂၀၁၇)ရက်နေ့က ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းအိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၅)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ ဆန်ရိက္ခာ(၇)ရက်စာတန်ဖိုးငွေကျပ် (၁၀,၅၀၀)၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁၀၀,၀၀၀)၊ စုစုပေါင်းငွေကျပ် (၁၁၀,၅၀၀)တို့အား (၂၂-၁၁-၂၀၁၇)ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာအုပ်စု၊ ဗလဘကျေးရွာ၌ (၁၇-၁၁- ၂၀၁၇)ရက်နေ့က ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၁၂)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေကျပ် (၂၅,၂၀၀)နှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁၀၀,၀၀၀)၊ စုစုပေါင်း တန်ဖိုးငွေကျပ် (၁၂၅,၂၀၀)တို့အား (၂၂-၁၁-၂၀၁၇)ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
၂၀၁၇-၂၀၁၈ ခုနှစ်၊ ဆောင်းရာသီကာလတွင် ဖြစ်ပေါ်လာနိုင်သည့် လာနီညာ အခြေအနေသတင်း (၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ(၂၂) ရက်နေ့ ထုတ်ပြန်ချက်)
(က) အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ်ရေ မျက်နှာပြင် အပူချိန်သည် သိသိသာသာ လျော့နည်းနေပြီး၊ လက်ရှိဖြစ်ပေါ်နေသော လေထု ဖြစ်စဉ်များမှာလည်း လာနီညာအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပါသည်။ လာနီညာ ဖြစ်ပေါ်မှုခန့်မှန်းသည့် သင်္ချာပုံစံမော်ဒယ်များအရ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၈ခုနှစ် ဇန်နဝါရီလအထိ လာနီညာဖြစ်ရန် အမြင့်ဆုံး ၇၅% အထိ ရှိလာနိုင်ပြီး၊ ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လခန့်တွင် ၆၀% သို့ ပြန်လည်လျော့ကျနိုင်ကြောင်း နိုင်ငံတကာ ပစိဖိတ်သမုဒ္ဒရာ ပင်လယ်ရေမျက်နှာပြင်အပူချိန် လေ့လာစောင့်ကြည့်ရေး … Read more
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ရွာသာကုန်းကျေးရွာအုပ်စု၊ ကုန်းကြီးကျေးရွာတွင် (၂၀-၁၁-၂၀၁၇) နေ့က ဖြစ်ပွားခဲ့သော မီးဘေးသင့် အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၂)သိန်းတို့အား ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ဝါးခယ်မမြို့နယ်တွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၁၈.၁၁.၂၀၁၇) ရက်နေ့၌ မြောင်းမြခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဝါးခယ်မမြို့နယ်၊ မရမ်းချောင်းကျေးရွာတွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ပြည်သူလူထု (၁၅၀) ဦးတို့ တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ပိုစတာများဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မြောင်မြခရို်င်ဦးစီးမှူးရုံး (ကဆရ)
-
ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ဘေးသင့်ပြည်သူများအား ခရီးစရိတ်ထောက်ပံ့ပေးမှုသတင်း
ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ကဆရ) မှတာဝန်ရှိသူများသည် (၁၈- ၁၁ -၂၀၁၇) ရက်နေ့တွင် ရေမျှော (၃) ဦးအား ကြိုဆိုလက်ခံပြီး ခရီးစရိတ် (၄၀၅၀၀)၊ ကျားလုံချည်နှင့် တီရှပ် (၁) ထည်စီအား ကူညီ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါ သည်။ Source : ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ ယာယီခိုလံှုရေးစခန်းများသို့ သွားရောက်ထောက်ပံ့ပေးနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင် ဦးဆောင်သောအဖွဲ့သည် မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်း ယာယီခိုလှုံရေးစခန်း (၆) ခုရှိ အိမ်ခြေ (၃၉၉) အိမ်၊ အိမ်ထောင်စု (၃၉၉)၊ လူဦးရေစုစုပေါင်း (၁၉၄၆) ဦးအတွက် အနွေးထည် (၇၉၈) ထည်၊ စောင် (၃၉၉) ထည်၊ စုစုပေါင်းတန်ဖိုး (၂၅၃၉၅၀၀) ကျပ်အား သွားရောက် ထောက်ပံ့လှူဒါန်းခဲ့ပါသည်။ အဆိုပါထောက်ပံ့ပွဲအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်ဦးစီးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စခန်းတာဝန်ခံများနှင့် မြို့မိ/မြို့ဖများတက်ရောက်ခဲ့ကြပါသည်။ ထိုနောက် … Read more
