Author Archives: Department of Disaster Management
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲမြို့နယ်၊ မန်ကျောင်းကျေးရွာအုပ်စု၊ မန်ကျောင်းဘုန်းကြီးကျောင်းတွင် သဘာဝဘေးအသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူစုစုပေါင်းလူဦးရေ (၆၀) ဦးတက်ရောက်ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် တိုက်ပွဲရှောင်ပြည်သူ (ထပ်တိုး) အိမ်ထောင်စု (၃၀) စာတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးအား (၂၂-၃-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသတင်းရရှိပါသည်။Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
(၂၂-၃-၂၀၁၈) ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၃-၂၀၁၈)ရက်နေ့၊ သီပေါမြို့နယ်၌ TLNA အဖွဲ့ နှင့် RCSS အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အုံမုကျေးရွာအုပ်စု၊ မန်လွယ်ကျေးရွာမှ ဘော်ကြိုဆုတောင်းပြည့်ဓမ္မာရုံတွင် ရောက်ရှိလာသော စစ်ဘေးရှောင်အိမ်ထောင်စု (၉၁)စု မှ ကျား (၁၂၆) ဦး၊ မ (၁၉၄) ဦး၊ စုစုပေါင်း (၃၂၀)ဦး အတွက် (၇၉၀၀၀ကျပ်) တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၂၂)မျိုးကို ဘေးသင့်အိမ်ထောင်စု (၉၁) စုစာ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၃-၂၀၁၈)ရက်နေ့တွင် ကျောက်မဲမြို့နယ်သို့ ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၂၄)စုမှ ကျား (၂၉)ဦး၊ မ (၃၀)ဦး၊ စုစုပေါင်း (၅၉) ဦးအတွက်family kits (၂၄)ပုံးအား (၂၂-၃-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ ရေသန့်ဆေးပြားထောက်ပံ့မှုနှင့် ဒေါ်ငြိမ်းရှယ်လ်တာအားသွားရောက်စစ်ဆေးမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၃-၂၀၁၈)ရက်နေ့ ဖျာပုံမြို့နယ်၊ ဒေါ်ငြိမ်းကျေးရွာအုပ်စုတွင် သောက်သုံးရေရှားပါးသည့် ကျေးရွာများအတွက် World Visionမှ လှူဒါန်းသည့် ရေသန့်ဆေးထုပ်များ ထောက်ပံ့နိုင်ရန် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် ဒေါ်ငြိမ်းရှယ်လ်တာသို့သွားရောက်၍ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နေမှုအားသွားရောက်စစ်ဆေးကြည့်ရှူခဲ့ပြီး လုပ်ငန်းများအချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းပြည့်မီရေးဆောင်ရွက်သွားရန် ကျေးရွာပြင်ဆင်ထိန်းသိမ်ရေးကော်မတီအဖွဲ့ဝင်များအား မှာကြားခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးလျော့ပါးရေးစေတနာ့လူငယ်(ဆင့်ပွား)သင်တန်းဖွင့်လှစ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၃-၂၀၁၈)ရက်နေ့ နံနက်(၀၉:၃၀)အချိန်တွင် ရမ်းဗြဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော သဘာဝဘေးလျော့ပါးရေးစေတနာ့လူငယ်(ဆင့်ပွား)သင်တန်း ဖွင့်ပွဲအခမ်းအနားကိုပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သင်တန်းဖွင့်လှစ်ရခြင်း၏ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲ(၂၀)ဦး၊ သင်တန်းသား/သူ(၃၀)ဦး၊ စုစုပေါင်း(၅၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂၁-၃-၂၀၁၈)ရက်နေ့မှ (၂၃-၃-၂၀၁၈)ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူ များသည် (၂၁-၃-၂၀၁၈) ရက်နေ့တွင် လှိုင်းဘွဲ့မြို့နယ်၊ ဝင်းစိန်ကျေးရွာအုပ်စု၊ ဘုရားငုတ်တိုကျေးရွာ၌ သဘာဝဘေးနှင့် ပတ်သတ်သည့်ဆောင်ရန်/ရှောင်ရန်များ အား အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျေးရွာပြည်သူလူဦးရေးစုစုပေါင်း (၁၀၀) ဦးတက်ရောက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များနှင့် ရေသန့်ဆေး ထုပ်မျာကို ကျေးရွာအုပ်ချူပ်ရေးမှူးထံသို့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးထောက်ပံံ့မှုသတင်း
(၁၇-၃-၂၀၁၈) ရက်နေ့၌ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ သပုထိုကျေးရွာ တောင်ပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် (၁) လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး မီးဘေးသင့် အိမ်ထောင်စု(၁)စု၊ လူဦးရေ (၄) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ထောင်စု (၁) စာ Family kit (၁) စုံ၊ ပျက်စီး နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်း ကျပ် (၁၀၀၀၀၀)နှင့် ဆန်ရိက္ခာ (၇) ရက်စာ (၈၄၀၀) ကျပ် စုစုပေါင်း (၁၀၈၄၀၀) ကျပ်အား ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် … Read more
-
သဘာဝဘေးအသိပေးပညာပေးဟောပြောပွဲကျင်းပမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ သည် (၂၁-၃-၂၀၁၈) ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ စခန်းသစ်ကျေးရွာအုပ်စု၊ စခန်း သစ်ကျေးရွာ၌ သဘာဝဘေးနှင့်ပတ်သတ်သည့် ဆောင်ရန်၊ ရှောင်ရန်များအား ဆွေးနွေးဟောပြောကြားခဲ့ရာ တက်ရောက်သူလူဦးရေ စုစုပေါင်း (၁၂၀) ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ဆပ်ပြာမှုန့်ထုပ်၊ ရေသန့်ဆေး ဘူး(၂၄၀) ထုပ်ပါ (၅) ဘူး၊ လေပြင်းဘေးဗွီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်များ ဝေငှပေးခြင်းခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၃-၂၀၁၈)ရက်နေ့တွင် သာပေါင်းမြို့နယ်၊ ဇီးဖြူကွင်းကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲအားကျင်းပခဲ့ရာ ကျေးရွာနေပြည်သူ (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်းနှင့် တက်ရောက်လာကြသော ပြည်သူများအား ရေသန့်ဆေးထုပ်များ၊ လက်ကမ်းစာစောင်များ၊ ပိုစတာများနှင့် ဗီနိုင်းများ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
