ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

22_Pic_02

(၂၂-၃-၂၀၁၈) ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၃-၂၀၁၈)ရက်နေ့၊ သီပေါမြို့နယ်၌ TLNA အဖွဲ့ နှင့် RCSS အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အုံမုကျေးရွာအုပ်စု၊ မန်လွယ်ကျေးရွာမှ ဘော်ကြိုဆုတောင်းပြည့်ဓမ္မာရုံတွင် ရောက်ရှိလာသော စစ်ဘေးရှောင်အိမ်ထောင်စု (၉၁)စု မှ ကျား (၁၂၆) ဦး၊ မ (၁၉၄) ဦး၊ စုစုပေါင်း (၃၂၀)ဦး အတွက် (၇၉၀၀၀ကျပ်) တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၂၂)မျိုးကို  ဘေးသင့်အိမ်ထောင်စု (၉၁) စုစာ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events