Author Archives: Department of Disaster Management

  • တောင်တွင်းကြီးမြို့နယ်လေဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်တွင်းကြီး မြို့နယ်၊ တောင်ပြင်(၂)ရပ်ကွက်၊ကျေးရွာ(၄)ရွာတို့တွင် အမိုးလန်အိမ်ခြေ (၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၁၀,၀၀၀) ကျပ်၊ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀)ကျပ် ၊လူဦးရေ(၄၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၈၈၂၀၀)ကျပ်၊ စုစုပေါင်း(၆၉၈၂၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊အိမ်ထောင်စု (၉)စုစာ တို့အား (၂၀-၄-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများအတွက်  သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source:မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • ရေနံချောင်းမြို့နယ် လေဘေးထောက်ပံ့မှုသတင်း

        ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်း မြို့နယ်၊ ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာ(၁၀)ရွာတို့တွင် ပြိုကျနေအိမ်(၁၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၆)သိန်း၊ အမိုးလန်အိမ်ခြေ (၃၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၉)သိန်း၊ လူဦးရေ(၂၂၉) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ(၄၈၀,၉၀၀)ကျပ်၊ စုစုပေါင်း(၃,၉၈၀,၉၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊အိမ်ထောင်စု (၁၆)စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ အိမ်ထောင်စု (၃၈)စုစာတို့အား (၂၀-၄-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည် ။ Source:မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရယ်ဆိုင်ရာစီမံခန်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်း မြို့နယ်၊ မာန်မြေမြောက်စုကျေးရွာတွင် (၁၇-၄-၂၀၁၈) ရက်နေ့ ကမ်းပြိုဘေးဖြစ်ပွားမှုကြောင့် အိမ်ခြေ(၄)လုံး၊ အိမ်ထောင်စု(၄)စု၊ လူဦးရေ (၁၂)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာပစ္စည်းဖိုး (၂၅၂၀၀) ကျပ်၊ စုစုပေါင်း (၄၂၅၂၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ အိမ်ထောင်စု(၄)စုစာတို့အား (၂၀-၄-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရ ပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုုံး (ဘစမ)

  • လေဘေးထောက်ပံ့မှုသတင်း

      မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကျေးရွာ(၁၀)ရွာတို့တွင် (၁၉-၄-၂၀၁၈) ရက်နေ့တွင် လေပြင်းဘေး ဖြစ်ပွားခဲ့ပြီး ပြိုကျအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁)သိန်း၊ အမိုးလန်အိမ်ခြေ(၃၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၈၀၀၀)ကျပ်၊ လူဦးရေ(၁၃၁)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး(၂၇၅၁၀၀)ကျပ်၊ စုစုပေါင်း(၁၄၅၅၁၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်းများအား (၂၀-၄-၂၀၁၈)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ တာဝန်ရှိသူများမှ  ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • ချောက်မြို့နယ်တွင် သောက်သုံးရေလှူဒါန်းမှုသတင်း

      ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၉-၄-၂၀၁၇) ရက်နေ့တွင် ချောက်မြို့နယ်၊ ဂွေးပင်ကျေးရွာအုပ်စု၊သန်းပင်မြောက်ရွာတွင်သောက်သုံးရေ အခက်အခဲဖြစ်နေသော အိမ်ခြေ(၁၉၅)လုံး၊ အိမ်ထောင်စု(၂၁၀) စု၊ လူဦးရေ(၁၀၁၂)ဦးတို့အတွက် ရေဂါလံ (၁၆၀၀)အား သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source: ချောက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • ဧရာဝတီတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခတ်မှုအခြေအနေနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုအခြေအနေ

    –        ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်တို့တွင်(၁၈-၄-၂၀၁၈)နေ့က လေပြင်း တိုက်ခတ်မှုများကြောင့် ဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိရာ မြန်အောင်မြို့နယ်၊ ကျေးရွာ (၇၈)ရွာမှ ပြိုကျနေအိမ်(၁၇၆)လုံး အမိုးလန်နေအိမ်(၁၁၁၈)လုံးနှင့် ဘာသာရေးအဆောက်အဦ (၁)လုံး၊ အိမ်ထောင်စု(၁၂၉၄)စု၊ လူဦးရေ(၄၉၈၇)ဦးတို့အတွက်  ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ ငွေသားနှင့် ပစ္စည်းတန်ဖိုးငွေ စုစုပေါင်း(၅၈,၂၄၁,၀၀၈) (ကျပ်ငါးရာရှစ်ဆယ့်နှစ်သိန်း လေးသောင်းတစ်ထောင့်ရှစ်တိတိ) အား လည်းကောင်း၊ ကြံခင်းမြို့နယ်၊ ကျေးရွာ(၂၃)ရွာမှ ပြိုကျနေအိမ်(၆)လုံး အမိုးလန်နေအိမ်(၁၁၄)လုံးနှင့် ဘာသာရေးအဆောက်အဦ(၂)လုံး၊ အိမ်ထောင်စု(၁၂၀)စု၊ … Read more

  • ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ ၄/၂၀၁၈ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပမှုသတင်း

    ၂၀-၄-၂၀၁၈ ၊ နေပြည်တော် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ ၄/၂၀၁၈ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀:၀၀)နာရီက လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြု ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီဥက္ကဌ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး၊ ဒေါက်တာ၀င်းမြတ်အေး၊ ပူးတွဲဥက္ကဌ ရခိုင်ပြည်နယ်၀န်ကြီးချုပ်ဦးညီပု၊ အတွင်းရေးမှူး နယ်စပ်ရေးရာ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် သန်းထွဋ်၊ တွဲဖက် အတွင်းရေးမှူး လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး … Read more

  • နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပမှုသတင်း

      ၂၀-၄-၂၀၁၈၊ နေပြည်တော် နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့်ပြန်လည်နေရာချထားရေးကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးအတွက် သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ အုပ်ချုပ်မှုပိုင်းကို ပိုမိုပီပြင်အောင် ဆောင်ရွက် နိုင်ရန်အတွက် တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်သူများကို ပြန်လည်လက်ခံရာတွင်  ဥပဒေနှင့်အညီ စနစ်တကျစီစဉ် ဆောင်ရွက်ရန် အတွက် ကော်မတီကို ဖွဲ့စည်းရခြင်း ဖြစ်ပါကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချ ထားရေးဆောင်ရွက်ရမှုနှင့်ပတ်သက်၍ … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ (၁၉-၄-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သောလေဘေးကြောင့် လယ်ဝေးမြို့နယ်၊ ရုံးပင်ကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာတွင် ပြိုလဲပျက်စီးခဲ့သည့်  လူနေအိမ် (၁) အိမ် အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၁၀၀,၀၀၀ ကျပ်)၊ တစ်စိတ် တစ်ပိုင်း ပျက်စီးခဲ့သည့် လူနေအိမ် (၈)အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၉၀,၀၀၀ ကျပ်)၊ ဆန်ရိက္ခာ လူဦးရေ(၁) ဦးလျှင်(၂၁၀၀) ကျပ်နှုန်းဖြင့် (၄၃)ဦးစာ (၉၀,၃၀၀ကျပ်)၊ စုစုပေါင်း (၂၈၀,၃၀၀ကျပ်)နှင့် ကယ်ဆယ်ရေးပစ္စည်းများအား (၂၀-၄-၂၀၁၈) ရက်နေ့(၁၅: ၃၀) အချိန်တွင် နေပြည်တော်တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်းနှင့် … Read more

  • မီးဘေးထောက်ပံ့မှုသတင်း

      (၁၅-၄-၂၀၁၈) ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ ကျွန်းရွာကျေးရွာ၊ လမ်းမတန်းနေ ဦးပေါနေအိမ်၌ ပန်ကာအပူလွန်ကဲရာမှတစ်ဆင့် မီးဘေးသင့်ခဲ့ရာ အဆိုပါမီးဘေး ကြောင့်ပျက်စီးဆုံးရှုံးခဲ့သည့် မီးဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုး၊ Family Kit (၁) ထုတ်၊ ပလပ်စတစ်ရေပုံး (၂) ပုံး၊  လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၈၄၀၀) ကျပ်နှင့်  အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀) ကျပ်တို့အား  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၁၀၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more

Sign Up

Upcoming Events