(၁၅-၄-၂၀၁၈) ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ ကျွန်းရွာကျေးရွာ၊ လမ်းမတန်းနေ ဦးပေါနေအိမ်၌ ပန်ကာအပူလွန်ကဲရာမှတစ်ဆင့် မီးဘေးသင့်ခဲ့ရာ အဆိုပါမီးဘေး ကြောင့်ပျက်စီးဆုံးရှုံးခဲ့သည့် မီးဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုး၊ Family Kit (၁) ထုတ်၊ ပလပ်စတစ်ရေပုံး (၂) ပုံး၊ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၈၄၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀) ကျပ်တို့အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၁၀၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)