Author Archives: Department of Disaster Management

  • ပုဏ္ဏားကျွန်းမြို့နယ်၊ မင်းဇီချောင်းကျေးရွာ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်မှုသတင်း

    ရခိုင်ပြည်နယ်အတွင်း၊ ၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ကိုမန်မုန်းတိုင်းကြောင့် ပျက်စီးခဲ့သည့် ကျောင်း(၄)ကျောင်းအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ် အခြေခံ ပညာရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး၏ လမ်းညွှန်မှုဖြင့် ဆွစ်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SDC)၏ ရန်ပုံငွေဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်သည့်အခါ ခိုလှုံရာနေရာအဖြစ် အသုံးပြုနိုင်ရန် ရည်ရွယ်၍ ဆောက်လုပ်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ကျောင်း(၄)ကျောင်းအနက် ပုဏ္ဏားကျွန်းမြို့နယ်၊ မင်းဇီချောင်းကျေးရွာ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ရခိုင်ပြည်နယ်၊ လူမှုရေးဝန်ကြီး၊ ဒေါက်တာချမ်းသာ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ပညာရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဦးကျော်မင်းနှင့် IOM အဖွဲ့အစည်းမှ (၂၃-၅-၂၀၁၈)ရက် (ဗုဒ္ဓဟူးနေ့)၊ … Read more

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းပြုလုပ်မှုသတင်း

        ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၁၈) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျိုက်လတ်မြို့၊ အမှတ်(၂)ခြေခံပညာအထက်တန်းကျောင်းတွင် (Grade2) ဒုတိယ တန်းသင်ရိုးသစ် ကျောင်းအုပ်စုအလိုက် သင်တန်းတက်ရောက်နေသော ဆရာ/မ အင်အား (၃၅၀) ဦးကို ငလျင်ဘေး အန္တရာယ်နှင့်ပတ်သတ်သော အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဆောင်ရန်ရှောင်ရန်များ ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူဆရာ/မများကို ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သရုပ်ပြခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်း စာစောင်များ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_may2018  

  • ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့၊ မြို့သူကြီးရပ်ကွက်၊ ရွာကြီးလမ်းတွင် (၁၈-၅-၂၀၁၈)ရက်နေ့ (၂၂:၂၀)အချိန်က ဖြစ်ပွားခဲ့သော မီးဘေးသင့်အိမ်ခြေ (၁)အိမ်မှ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၁)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ ဆန်ရိက္ခာတန်ဖိုးငွေကျပ်(၂,၁၀၀)နှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၂၀၀,၀၀၀)၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၂၀၂,၁၀၀)အား (၂၁-၅-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

  • လေဘေးထောက်ပံ့မှုသတင်း

    မန်စီမြို့နယ်၊ ဟန်ထက်ကျေးရွာအုပ်စု၊ သစ်ဆုံးကျေးရွာတို့တွင် (၁၅-၅-၂၀၁၈) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းအမိုးလန်ပျက်စီးနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦး လေဘေးသင့်ခဲ့ရာ ဘေးသင့်ပြည်သူများ အတွက် အိမ်ဆောက်တန်ဖိုး (၁၀၀၀၀၀) ကျပ်နှင့် လူဦးရေ (၄) ယောက်အတွက် ဆန်ရိက္ခာဖိုးငွေ (၈၄၀၀) ကျပ်တို့အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဗန်းမော်ခရိုင်ဦးစီးမှုးရုံးမှတာဝန်ရှိသူများသည် (၁၉-၅-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ha_sgw #kcn_may2018Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

      ဗန်းမော်မြို့နယ် လက်ပံတန်းကျေးရွာ၌ (၁၄-၅-၂၀၁၈) ရက်နေ့တွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြို၍ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၀) ဦး ဘေးသင့် ခဲ့ရာ ဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေ (၂၁၀၀၀) ကျပ်နှင့် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၂၀၀၀၀၀) ကျပ်တို့အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဗန်းမော်ခရိုင်ဦးစီးမှုးရုံး မှတာဝန်ရှိသူများသည် (၁၉-၅-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe#kcn_may2018Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • လေဘေးထောက်ပံ့မှုသတင်း

        ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၇.၅. ၂၀၁၈ ) ရက်နေ့နှင့် (၁၈.၅.၂၀၁၈) ရက်နေ့တို့တွင် လေပြင်း တိုက်ခတ်မှုကြောင့် မင်းတုန်းမြို့နယ်၊ သမ္ဘူလကျေးရွာနှင့် မဲဇလီကျေးရွာတို့တွင် နေအိမ် (၃) လုံး၊ အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စု၊ လူဦးရေ (၁၁) ဦး၊ ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၁၁) ဦးအတွက်ဆန်ရိက္ခာဖိုး (၇) ရက်စာ (၂၃၁၀၀) ကျပ်၊ နေအိမ် (၃) … Read more

  • ကွင်းဆင်းဆောင်ရွက်မှုသတင်း

      ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ တင်းတောကျေးရွာအုပ်စု၊ တင်းတောကျေးရွာတွင် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသောကြောင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ Hot line တယ်လီဖုန်းနံပါတ်သို့အကူအညီတောင်းခံမှုအရ အမှန်တစ်ကယ် လိုအပ်ပါက ဆောင်ရွက်ပေးနိုင်ရန်အတွက် ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr#rke_may2018Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • မြေသားရေကန်အား ကျောက်ရိုးစီမြေတားတမံပြုလုပ်ရန် ထောက်ပံ့မှုသတင်း

      ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၁၈-၅-၂၀၁၈) ရက်နေ့တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ပဲယင်းတောင်ကျေးရွာ၌ တူးဖော်ထားသည့် မြေသားရေကန်အား ကျောက်ရိုးစီမြေ တားတမံပြုလုပ်ရန်အတွက် ထောက်ပံ့မှုရန်ပုံငွေ (၁၄.၉) သန်းအား ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဥက္ကဌထံ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။#otr#shn_may2018Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၁၈)ရက်နေ့၊ (၁၉:၀၀)နာရီတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ သခင်ဘသောင်းရပ်ကွက်မှ နေအိမ်(၁)လုံး တစ်စိတ်တစ်ပိုင်းပျက်စီး ခြင်း ဖြစ်ပေါ်ခဲ့ရာ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၁၄,၇၀၀)၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁၀၀,၀၀၀) စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၁၄,၇၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၁) အိမ်ထောင်စာတို့အား (၁၇-၅-၂၀၁၈)ရက်နေ့၊ (၁၂:၃၀)နာရီချိန်တွင် သက်ဆိုင်ရာမြို့နယ်မှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ ထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

  • ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၁၈) ရက်နေ့နှင့် (၁၄-၅-၂၀၁၈)ရက်နေ့များတွင် တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်မှ နေအိမ် (၁)လုံး၊ ရွှေလင်ဗန်းကျေးရွာအုပ်စု၊ ကျုံစုကျေးရွာမှနေအိမ်(၂)လုံး၊ စုစုပေါင်း နေအိမ်(၃) လုံးမှာ တစ်စိတ်တစ်ပိုင်းပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၆)ဦး အတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၃၃,၆၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁၅၅,၀၀၀)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၈၈,၆၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၃) အိမ်ထောင်စာတို့အား (၁၇-၅-၂၀၁၈)ရက်နေ့ ၊ နံနက်(၁၀:၀၀)နာရီချိန်တွင် သက်ဆိုင်ရာမြို့နယ်မှ တာဝန်ရှိသူများနှင့်အတူ … Read more

Sign Up

Upcoming Events