Author Archives: Department of Disaster Management
-
မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်းကျင်းပသော မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ကွန်ဟိန်းမြို့၊ နမ့်ပန်ခန်းမ၌ (၁၃-၉-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ဗမာတိုင်းရင်းသားဝန်ကြီးက အဖွင့်အမှာစကားပြောကြားခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်မှူးနှင့် တာဝန်ရှိသူများက သင်ခန်းစာများဆွေးနွေးပို့ချခြင်းနှင့် အဖွဲ့လိုက်ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသား/သူ (၅၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂) ရက်ဖြစ်ကြောင်းသတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2018
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည် ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျ ေးရွာအုပ်စု၊ တာငုတ်ကျေးရွာ၌ (၁၁-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့အိမ်ခြေ (၁၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၆၀၀,၀၀၀/-) ကျပ်၊အိမ်ထောင်စု (၁၆) စုမှ လူဦးရေ (၅၄) ဦးတို့အတွက် (၂၉၆,၁၆၀/-) ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၆) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုး (၁၁၃,၄၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၇၁၃,၄၀၀/-) ကျပ်အား (၁၃-၉-၂၀၁၈) … Read more
-
ကမ်းပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည် ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာ၌ (၁၀-၉-၂၀၁၈) ရက်နေ့၊ (ဝရး၀၀) နာရီအချိန်ခန့်တွင် ကမ်းပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည် အိမ်ထောင်စု (၅) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၅) အိမ်ထောင်စာ (တန်ဖိုးငွေ (၉၂,၅၅၀/-) ကျပ်) အားလည်းကောင်း၊ လူနေအိမ် (၅) လုံးတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၁၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး (၃၁,၅၀၀/-) … Read more
-
ရေဘေးသင့် ပြည်သူများအတွက် အလှူငွေနှင့် အလှူပစ္စည်းများ လာရောက်လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀၁၈) ခုနှစ် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများအတွင်း ဖြစ်ပွားခဲ့သည့် ရေဘေးကြောင့် ဖျာပုံမြို့၊ အမာမြို့၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ နောက်မီးကျေးရွာအုပ်စုနှင့် ဘဝသစ်ကျေးရွာ အုပ်စုတို့၌ အိမ်ထောင်စု (၂၈၈) စုဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ရန်ကုန်မြို့၊ မဟာစည် သာသနာ့ရိပ်သာ သြဝါဒါစရိယမြစ်သားဆရာတော် အမှူးပြုသော တပည့်သာဝကများမှ အလှူငွေ (၁၂,၆၅၉,၅၀၀/-) ကျပ်နှင့် (၃၃၆,၆၀၀/-) ကျပ် တန်ဖိုးရှိ မျက်နှာသုတ်ပုဝါ (၁၁၂) ထည် အားလည်းကောင်း၊ ဒေါက်တာတင့်စိုးလင်း၊ ညီမဒေါ်ပွင့်မာခိုင်မိသားစုနှင့် ညီအစ်ကိုမောင်နှမများ (ရွှေပုဇွန်မိသားစု)မှ အလှူငွေကျပ် (၁၀,၀၀၀,၀၀၀/-) … Read more
-
လေဘေးကြောင့် အမိုးလန်နေအိမ်များမှ ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဝဲကြီးကျေးရွာ အုပ်စု၊ လက်ပံသာယာကျေးရွာနှင့် သဲရိုးကျေးရွာတို့၌ (၃-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် နေအိမ် (၄) လုံးအမိုးလန်ခဲ့ရာ အဆိုပါအမိုးလန်နေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၉,၅၀၀/-) ကျပ်အား (၁၁-၉-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး နှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) … Read more
-
အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ နည်းပြသင်တန်းနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် (၈/၂၀၁၈) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သည့်သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၊ ဟင်္သာတမြို့၌ (၁၀-၉-၂၀၁၈) ရက်နေ့ ၊ (၀၈း၃၀) နာရီအချိန် တွင် အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ နည်းပြသင်တန်းနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၈/၂၀၁၈) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ သင်တန်းကျောင်း ကျောင်းအုပ်ကြီးမှ အမှာစကားပြောကြားခဲ့ပြီး ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား /သူ (၉၄) ဦးစုစုပေါင်း (၁၁၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းကို အာရှဒေသ သဘာဝဘေး ကြိုတင်ပြင်ဆင်ရေးဌာန ADPC မှ ကျွမ်းကျင်သူများက အားဖြည့်ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၁၂) ရက်ဖြစ်ကြောင်း … Read more
-
မြေငလျင်ဘေးအန္တရာယ် အသိပညာပေး နည်းပြသင်တန်းဖွင့်လှစ်သည့်သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် ကုလသမဂ္ဂဖွံ့ဖြိုးတိုး တက်မှုအစီအစဉ် (UNDP) တို့မှ တာဝန်ရှိသူများသည် အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာသင်ကျောင်း (၁၀၀) တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် မြေငလျင် ဘေးအန္တရာယ် အသိပညာပေးနည်းပြသင်တန်းအား (၁၀-၉-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်သဘာဝဘေးကော်မတီ နှင့် လူမှုရေးအသင်းအဖွဲ့များမှတာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အဆိုပါသင်တန်းကို သင်တန်းသား/သူ ဆရာ/ဆရာမ (၃၂) ဦး၊ ဘေး/စီမံတိုင်းရုံးမှ (၈) ဦး၊ စုစုပေါင်း … Read more
-
ငလျင်ဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်သည့် သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၉-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင်တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ငလျင်ဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ရာ ဌာနဆိုင်ရာများနှင့်ပြည်သူလူထု (၁၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #ygn_sep2018
-
ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များမှ ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ရန်ကုန်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ရေပေါ်သောင်ကျေးရွာအုပ်စု၊ အဖျောက် (၄) ရပ်ကွက်များ၌ (၃၁-၈-၂၀၁၈) ရက်နေ့မှ (၅-၉-၂၀၁၈) ရက်နေ့အထိ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်(၁၇) လုံး၊ အိမ်ထောင်စု (၁၇) စုမှ လူဦးရေ (၅၈) ဦးတို့ဘေးသင့်ခဲ့ရာအဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁,၇၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုး (၁၂၁,၈၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၈၂၁,၈၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်သည့်သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၉-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီမှ (၁၂း၀၀) နာရီ အချိန်ထိ ဒက္ခိဏသီရိမြို့နယ်၊ ကူနှစ်လုံးကျေးရွာ၊ SMU ခန်းမ၌ ကျေးရွာသူ/သား (၇၀) ဦးတို့အား ဒက္ခိဏသီရိမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ငလျင်ဘေး အန္တရာယ်ဆိုင်ရာ အသိပညာများ ဆွေးနွေးဟောပြောခဲ့ကြေင်းသတင်းရရှိပါသည်။ Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_sep2018
