Author Archives: Department of Disaster Management

  • သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ရွှေမြို့၊ အ.ထ.က (၂) ကျောင်း၌ (၁၈-၉-၂၀၁၈) ရက်နေ့၊ နေ့လည်ပိုင်းတွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ (၃၀၀) ဦး တက်ရောက်ခဲ့ပြီး သဘာဝဘေးဆိုင်ရာ အသိပညာပေးဗီဒီယိုပြသခြင်း၊ လက်ကမ်းစာစောင်များပေးဝေခြင်းနှင့် ငလျင်ဘေးဆိုင်ရာနံရံ ကပ်ပိုစတာပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source:         ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2018

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကလေးမြို့၊ ပြည်သူ့ဆေးရုံကြီးရှေ့၌  (၁၈-၉-၂၀၁၈) ရက်နေ့တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆိုင်းဘုတ်အား စိုက်ထူ ခဲ့ကြောင်းသတင်းရရှိပါသည်။ Source:         ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_eqk #sgg_sep2018

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ ဈေးအရှေ့ဘက်၊ ယုဇနလမ်းဘေး၌ (၁၈-၉-၂၀၁၈) ရက်နေ့၊ နံနက် (၉း၃၀) အချိန်တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာ ပေးဆိုင်းဘုတ်စိုက်ထူပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source:         ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_eqk #sgg_sep2018

  • သဘာဝဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၉-၂၀၁၈) ရက်နေ့နှင့် (၁၄-၉-၂၀၁၈) ရက်နေ့များတွင် သဘာဝဘေးအမျိုးမျိုးနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူလူထုများ သိရှိစေရန်အတွက် သဘာဝဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များကို တပ်ကုန်းမြို့နယ်၊ ဗိုလ်မင်းရောင်ရပ်ကွက်၊ ကျောက်တိုင်နှင့် ဗိုလ်ချုပ်ကြေးရုပ်အနီး၌ (၁) ခု၊ ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်၊ ပုဗ္ဗဈေးရှေ့၌ (၁) ခု၊ လယ်ဝေးမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ လယ်ဝေးမြို့မဈေး၊ ဗိုလ်ချုပ်ကြေးရုပ်အနီး၌ (၁) ခု၊ ပျဉ်းမနားမြို့နယ်၊ ဘိုကုန်းရပ်ကွက်၊ … Read more

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆိုင်းဘုတ်စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၉-၂၀၁၈) ရက်နေ့တွင်ခန္တီးမြို့နယ်၊ စည်ပင်သာယာဈေးအရှေ့နှင့် အ.ထ.က ကျောင်းဝန်းဘေး၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်စိုက်ထူခဲ့ကြောင်းသတင်းရရှိပါသည်။# ar-eqk # sgg-sept 2018Source: ခန္တီးခရိုင်ဦးစီးမှူးရုံး( ဘစမ)

  • မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ မိုးကြိုးဘေးထောက်ပံ့မှုသတင်း

                လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၁၄-၉-၂၀၁၈)ရက်နေ့ ည (၂၀၀၀)အချိန် မြောက်ဦးမြို့နယ်၊ မြက်ရိတ်ကျွန်းကျေးရွာအုပ်စု၊ ဇင်္ဂလနိကုန်းကျေးရွာနေ မောင်ခိုင်ဦး အသက် (၃၄)နှစ်သည် ၎င်းနေအိမ်အတွင်း ချက်ပြုတ်နေစဉ် မိုးကြိုးထိမှန်သေဆုံးသွားခဲ့သဖြင့် ထောက်ပံ့ငွေကျပ် (၃၀၀,၀၀၀)အား (၁၇-၉-၂၀၁၈)ရက်နေ့တွင် သေဆုံးသူ၏မိသားစုထံသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) (၄/၂၀၁၈) သင်တန်းဖွင့်ပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၁၈-၉-၂၀၁၈) ရက်နေ့တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ ဝန်ထမ်းလူငယ် (ဆင့်ပွား) (၄/၂၀၁၈) သင်တန်းဖွင့်ပွဲ အားကျင်းပပြုလုပ်ခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ တိုင်းဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနား သို့ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသား/သူ (၃၀) ဦး တက်ရော က်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source:         ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး … Read more

  • ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ အင်္ဂရမ်းကျေးရွာအုပ်စုနှင့် ပဲကြီးကျွန်းကျေးရွာအုပ်စုတို့တွင် (၁၄.၉.၂၀၁၈) နေ့ ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော အိမ်ခြေ (၁၆) လုံး၊ ၎င်းအိမ်ထောင်စု (၁၆) စုရှိ လူဦးရေ (၅၉) ဦးတို့အတွက် (၂၉၆၁၆၀) ကျပ် တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၆) အိမ်ထောင်စုစာနှင့် ဆန်ရိက္ခာဖိုး (၁၂၃၉၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေး ရန်ပုံငွေ (၁၇၂၃၉၀၀) ကျပ်တို့အား ( ၁၈ … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ (၁၄-၉-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) အချိန်တွင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြလုပ်ခဲ့ရာ ဆရာ/ဆရာမ (၅) ဦး၊ ကျောင်းသား/သူ (၂၅၀) ဦး၊ စုစုပေါင်း (၂၅၅) ဦးတက်ရောက်ခဲ့ပြီး ဗွီနိုင်းနှင့် လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source:         လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_sep2018

Sign Up

Upcoming Events