လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၉-၂၀၁၈) ရက်နေ့နှင့် (၁၄-၉-၂၀၁၈) ရက်နေ့များတွင် သဘာဝဘေးအမျိုးမျိုးနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူလူထုများ သိရှိစေရန်အတွက် သဘာဝဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များကို တပ်ကုန်းမြို့နယ်၊ ဗိုလ်မင်းရောင်ရပ်ကွက်၊ ကျောက်တိုင်နှင့် ဗိုလ်ချုပ်ကြေးရုပ်အနီး၌ (၁) ခု၊ ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်၊ ပုဗ္ဗဈေးရှေ့၌ (၁) ခု၊ လယ်ဝေးမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ လယ်ဝေးမြို့မဈေး၊ ဗိုလ်ချုပ်ကြေးရုပ်အနီး၌ (၁) ခု၊ ပျဉ်းမနားမြို့နယ်၊ ဘိုကုန်းရပ်ကွက်၊ ရွှေညောင်ပင်ကားဂိတ်အနီး၊ စိန်မိုက်ကယ်ခရစ်ယာန်ဘုရားကျောင်းရှေ့၌ (၁) ခု၊ စုစုပေါင်းမြို့နယ် (၄) ခုတို့၌ ဗီနိုင်းဆိုင်းဘုတ်များကို သွားရောက်စိုက်ထူခဲ့ကြောင်းသတင်းရရှိပါသည်။
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
#ar
#npw_sep2018