Author Archives: Thu Thu Han

  • တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် စစ်တွေမြို့သို့ ထပ်မံရောက်ရှိခိုလှုံနေထိုင်လျက်ရှိသည့် တိုက်ပွဲ ရှောင်စခန်း(၁၃)ခုမှ စုစုပေါင်းတိုက်ပွဲရှောင် အိမ်ထောင်စု(၁၀၀)စု လူဦးရေ(၄၂၉)ဦးတို့အတွက် ဆန်ရိက္ခာ (၂)ပတ်စာ ဖိုးငွေ(၁၈၀၁၈၀၀ိ/-)အား (၃၀.၃.၂၀၂၀)ရက်တွင် စစ်တွေခရိုင်ဦးစီးမှူးရုံးမှ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူး/ စခန်းတာဝန်ခံများ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ) #otr #rke_Mar2020

  • COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ မာဃသဟာယလူမှုအထောက်အကူပြု အဖွဲ့တို့ ဖြင့်ပူး‌ပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ် စိန်ဒူးကျေးရွာ၊ ရွာစည်ကျေးရွာ၊ လာပို့ကျေးရွာများသို့(၃၀-၃-၂၀၂၀) ရက်နေ့ (၀၈:၃၀)နာရီမှ (၁၃:၃၀)နာရီအချိန်ထိ COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရန်အချက်များကို ပြည်သူများသို့ အသိပညာပေးလှည့်လည်၍ နှိုး‌‌ဆော်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_Mar2020

  • COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀)ရက်နေ့တွင် covid-19 ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီအဖွဲ့နှင့်အတူ ချောက်မြို့အဝင် အနော်ရထာတံတားထိပ်တွင် ချောက်မြို့တွင်းသို့ အဝင်အထွက် ယာဉ်လိုင်းများတွင် စီးနင်းလိုက်ပါသော ခရီးသည်များအား COVID 19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းကောက်ယူခြင်း၊ အသိပညာပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ပါကြောင်း နှင့် (၃၀-၃-၂၀၂၀)ရက်နေ့တွင် ချောက်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ပြန်လည်ရောက်ရှိလာသော နေရပ်ပြန်များကို covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အသိပညာပေးခြင်းကို  covid-19 ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချောက်မြို့နယ်ဦးစီးမှူးရုံး … Read more

  • COVID-19 ကူးစက်ရောဂါနှင့် ပက်သတ်၍ အသိပညာပေးကွင်းဆင်းဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ (31.1.2020)ရက်နေ့ နံနက်(8.00)အချိန်မှ စတင်ပြီး  လွိုင်လင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)မှ တာဝန်ရှိသူများသည် လွိုင်လင်မြို့နယ်၊ ပန်ခေါက်ဝိုးဂိတ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာl အခြားဌာနဆိုင်ရာများ နှင့် အရပ်ဖက် အဖွဲ့အစည်းများ ပူးပေါင်း၍ COVID-19 ကူးစက်ရောဂါနှင့် ပက်သတ်၍ ကိုယ်အပူချိန် တိုင်တာခြင်းနှင့် ခရီးသွားရာဇဝင် မှတ်တမ်းတင်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #shn_Mar2020

  • လေဘေးထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ မိချောင်းတစ်ရာကျေးရွာအုပ်စု၊ ခုံဇင်ကုန်းကျေးရွာတွင် (၆-၁၁-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ် (၅)လုံး၊ အိမ်ထောင်စု (၅)စုမှ လူဦးရေ (၂၄)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀၀၀ဝိ/-)၊ ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ (၅၀၄၀ဝိ/-)၊ စုစုပေါင်း ရန်ပုံငွေ (၂၀၀၄၀ဝိ/-)အား (၈-၁၁-၂၀၁၉)ရက်နေ့ (၁၄၃၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့ နှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_sgw #ayy_Nov2019 Source: … Read more

  • တိုင်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှုရုံးမှ  တာဝန်ရှိသူများသည် စစ်တွေမြို့နယ် ဓမ္မာရာမဘုန်းကြီးကျောင်းမှ တိုက်ပွဲရှောင် အိမ်ထောင်စု(၅၈)၊ လူဦးရေ(၂၀၆)ဦး၊ ပုဏ္ဏားကျွန်းမြို့နယ် ဖားကြွယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ တိုက်ပွဲရှောင် အိမ်ထောင်စု(၃၆)စု၊ လူဦးရေ( ၂၀၇ )ဦး စုစုပေါင်း အိမ်ထောင်စု (၉၄)စု၊ လူဦးရေ(၄၁၃)ဦးတို့အတွက် ဆန်ရိက္ခာ(၁)လစာ (၁၂၈)အိတ်၊ (၂၅)ပြည်၊ (၄)ဗူးတို့အား (၈-၁၁-၂၀၁၉)ရက်နေ့ တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr rke_Nov2019 Source: စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • ဒဏ်ရာရရှိသူများအားထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၁၁.၂၀၁၉)ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားရာမှ လွင့်စင်လာသော လက်နက်ကြီးကျည်စထိမှန်မှုကြောင့် ဒဏ်ရာရရှိခဲ့ပြီး ဘူးသီးတောင်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော ဘူးသီးတောင်မြို့နယ်၊ ကြာညိုပြင်(မူဆလင်)ကျေးရွာမှ ရူနာဘာနူရ်၊ မာမောင်ဇော်လီနှင့် ရာဘီရာဘော်ရှော်ရီ တို့အား (၈.၁၁.၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #rke_Nov2019 Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ပထမအကြိမ် မြန်မာနိုင်ငံယောဂအသင်း၏ နှစ်ပတ်လည်လှုပ်ရှားမှုအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်မှု သတင်း

      စက်တင်ဘာ၊ ၂၈၊ နေပြည်တော် ပထမအကြိမ် မြန်မာနိုင်ငံယောဂအသင်း၏ နှစ်ပတ်လည်လှုပ်ရှားမှု အခမ်းအနားကို  ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်၊ တုံဂပူရီဟိုတည်၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက် ခဲ့ပါသည်။ အခမ်းအနားကို ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံယောဂအသင်းမှ တာဝန်ရှိသူတစ်ဦး တို့က ဖယောင်းတိုင်းမီးထွန်းညှိ၍ ဖွင့်လှစ်ပေးခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင်            ယောဂလေ့ကျင့်ခြင်းဟာ အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု အားကစားတစ်ခုလည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှာလည်း အာရှနှင့် အပြည်ပြည် ဆိုင်ရာ ယောဂအားကစားပြိုင်ပွဲကို ယခုနှစ် ဖေဖော်ဝါရီလ၌ ကျင်းပခဲ့ကြောင်း၊ ယောဂလေ့ကျင့်ခြင်းသည် … Read more

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား World Vision International Myanmar က လာရောက်တွေ့ဆုံမှု သတင်း

      စက်တင်ဘာ ၂၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး World Vision International Myanmar မှ တာဝန်ရှိသူ များအား ဝန်ကြီးဌာန၊ မေခလာခန်းမ၌ လက်ခံတွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ ကလေး သူငယ်အခွင့်အရေးများ အပြည့်အဝရရှိရေး၊ ကလေးသူငယ်များ အပေါ်အကြမ်းဖက်မှု အလွဲ သုံးစားပြုလုပ်မှုများမှ တားဆီးကာကွယ်ရေး၊ လမ်းပေါ်နေကလေးသူငယ်များ ပြန်လည် ထူထောင်ရေး၊ လူကုန်ကူးမှုများ မဖြစ်ပွားစေရန် တားဆီးကာကွယ်ရေးနယ်ပယ်များတွင် … Read more

Sign Up

Upcoming Events