အိန္ဒိယနိုင်ငံ၊ အန်ဒမန်နှင့် နီကိုဘားကျွန်းရှိ မြန်မာနိုင်ငံရေလုပ်သားများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်​နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိန္ဒိယနိုင်ငံ၊ အန်ဒမန်နှင့် နီကိုဘားကျွန်းရှိ ပိုးဘလဲအကျဉ်းထောင်၌ သတ်မှတ်ပြစ်ဒဏ်ကျခံ ပြီးနောက် လွတ်‌မြောက်လာသည့် မြန်မာနိုင်ငံသား (၄၂)ဦးနှင့် နီကိုဘားကျွန်းတောင်ဘက်တွင် ရေမျောနေသဖြင့် အိန္ဒိယရေယာဉ်မှ ကယ်ဆယ်ခဲ့သည့်  မြန်မာရေလုပ်သား(၁)ဦး၊ စုစုပေါင်း (၄၃)ဦးတို့သည် (၂၄-၁၁-၂၀၂၂) ရက်နေ့ (၂၁:၂၀) အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ‌လာသော  မြန်မာနိုင်ငံသား(၄၃)ဦးအား ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး-(ကျားလုံချည်၊တီရှပ်၊ထဘက်၊ဆပ်ပြာ)၊ ခရီးစရိတ်နှင့် စားစရိတ် စုစုပေါင်း (၁၀၆၁၀၀၀/-) တို့အား ဘေးသင့်ပြည်သူများ လက်ဝယ် အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#otr

#ygn_Nov2022

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events