မုန်တိုင်း‌ဘေးအန္တရာယ် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်ပြီးစီးမှု သတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်​နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်းရှိသူများနှင့် ခရိုင်ရုံးမှ (၉)ဦး အပါအဝင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာ‌ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်‌ရေးသင်တန်းကျောင်း၊ ရန်ကုန်မြို့၌ သင်တန်းသား/သူ (၇၃)ဦး၊ သင်တန်းကျောင်းမှ အရာထမ်း၊ အမှုထမ်း (၁၀၃)ဦး၊ မြန်မာနိုင်ငံကြက်sခြေနီတပ်ဖွဲ့မှ (၂၀)ဦး၊ စုစုပေါင်းလူအင်အား (၂၀၅)ဦး တို့နှင့်အတူ မုန်တိုင်းဘေးအန္တရာယ် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကို  (၁၆-၆-၂၀၂၂)ရက်နေ့တွင် ကျင်းပ၊ ဆောင်ရွက်ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#simex

#ygn_jun2022

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events