Author Archives: RRD
-
(၂၀-၆-၂၀၁၆) ရက်နေ့တွင် လက်ခုတ်ကုန်း (အ.ထ.က)၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၂၀-၆-၂၀၁၆) ရက်နေ့ တွင် လက်ခုတ်ကုန်းကျေးရွာ အထက်တန်းကျောင်းတွင် အဌမတန်း၊ နဝမတန်းကျောင်းသား/သူ (၂၂၀) ဦးတို့အား ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ DRR working group နှင့် Plan International တို့ မှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်၊၊
-
မြောင်းမြမြို့ရေယာဉ်အသင်းသို့ ဘောကွင်းနှင့်အသက်ကယ်အင်္ကျီများ ပေးအပ်မှုသတင်း
AVSI အဖွဲ့အစည်းနှင့် မြောင်းမြခရိုင်ဦးစီးမှူးရုံး (ကဆရ) တို့ပူးပေါင်း၍ မြောင်းမြမြို့ရေယာဉ်အသင်းသို့ အသက်ကယ်အင်္ကျီ (၅) ထည်နှင့် ဘောကွင်း (၁) ကွင်းအား လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးမှုသတင်း
(၁၆-၆-၂၀၁၆) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၌ လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ သောက (၁) လမ်း၊ အိမ်အမှတ် (၁၈၀၈) မှာ ပိတောက်ပင်ပြိုလဲ၍ နေအိမ်ပေါ်သို့ ပိခဲ့သည့်အတွက် ပြည်ထောင်စုနယ်မြေတိုင်းဦးစီးမှူးရုံး (ကဆရ) မှ လေဘေးသင့်နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးကို (၁၆-၆-၂၀၁၆) ရက်နေ့၊ (၁၇: ၃၀) နာရီအချိန်တွင် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေတိုင်းဦးစီးမှူးရုံး (ကဆရ)
-
ကျိုင်းတုံမြို့၊ အ.မ.က(၈)ကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ကျိုင်းတုံခရိုင်ဦးစီးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၁၆) ရက်နေ့တွင် ကျိုင်းတုံမြို့၊ အ.မ.က(၈)ကျောင်း၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ သဘာဝဘေးနှင့်ပတ်သက်သည့်အကြောင်းအရာများ၊ ဆောင်ရန်/ရှောင်ရန်အချက်များ ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်သူ ဆရာ/ဆရာမနှင့် ကျောင်းသား/သူဦးရေ စုစုပေါင်း (၂၈၀)ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့်နံရံကပ်ပိုစတာများလည်းဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်၊၊
-
ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့တွင် သဘာ၀ဘေးအသိပညာပေးသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေတိုင်းဦးစီးမှူးရုံး ရှိတာ၀န်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ်၊ (အ.ထ.က-၅) တွင် ကျောင်းသားဦးရေ (၃၂ဝ)ဦး နှင့် ဒက္ခိဏသီရိမြို့နယ်၊ (အ.ထ.က-၁၉) တွင် ကျောင်းသားဦးရေ (၄ဝဝ)ဦးတို့ကို (၂၀-၆-၂၀၁၆) ရက်နေ့တွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။
-
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ အ.ထ.က (၁) တွင် သဘာဝဘေးအန္တရာယ်၊ မူးယစ်ဆေးဝါးနှင့် ကျောင်း ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသဦးစီးမှူးရုံးမှ တာဝန် ရှိသူများ သည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ အ.ထ.က (၁) တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာမူးယစ်ဆေးဝါး အန္တရာယ်ဆိုင်ရာနှင့် ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို (၂၀-၆-၂၀၁၆) ရက်နေ့တွင် ပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ ဦးရေ (၃၀၀) ခန့် တက်ရောက်ခဲ့ပါသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မကွေးတိုင်းဒေသကြီး (ကဆရ) ဦးစီးမှူး ဦးမြင့်စိုးမှ ဘေး အန္တရာယ်စီမံခန့်ခွဲမှု၊ မြန်မာနိုင်ငံတွင် ဖြစ်ပွါးလေ့ရှိသော ဘေးအန္တရာယ်များနှင့် ဆောင်ရန်ရောင်ရန်များကို ဟောပြောခဲ့ပါသည်။ ထို့နောက်မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူးလှစိုးက … Read more
-
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့၊အထက (၂) ကျောင်းတွင် သဘာဝဘေး ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၂၀-၆-၂၀၁၆) ရက်နေ့တွင်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဦးစီး ဌာန၊တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်ထားဝယ်မြို့၊အထက (၂) ကျောင်းတွင် (၁၃:၀၀) မှ (၁၅:၃၀) အချိန်အထိ သဘာဝ ဘေးကြိုတင်ကာကွယ်ရေး နှင့်တုံ့ပြန် ဆောင်ရွက်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ (၁၃:၀၀) နာရီမှ (၁၄:၀၀) နာရီတွင်တက်ရောက်သူ ကျောင်းသား/သူဦးရေ (၃၅၀) ဦးနှင့် (၁၄:၀၀) နာရီမှ (၁၅:၃၀) တွင် တက်ရောက်သူ (၃၅၀) ဦး၊စုစုပေါင်းကျောင်းသား/သူ (၇၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
မြိတ်မြို့နယ်၊ အ.ထ.က(၆)အုန်းတောကျောင်းတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ မြိတ်ခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၁၆) ရက်နေ့တွင် မြိတ်မြို့နယ်၊ အ.ထ.က(၆)အုန်းတောကျောင်း၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ သဘာဝဘေးနှင့်ပတ်သက်သည့်အကြောင်းအရာများ၊ ဆောင်ရန်/ရှောင်ရန်အချက်များ ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်သူဆရာ/ဆရာမဦးရေ(၅ )ဦးနှင့် ကျောင်းသား/သူဦးရေ (၂၁၃) ဦး စုစုပေါင်း (၂၁၈)ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့်နံရံကပ်ပိုစတာများလည်းဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်၊၊
-
ညောင်ဦးမြို့နယ် အ.ထ.က ညောင်ဦးတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၁၆) ရက်နေ့တွင် ညောင်ဦးမြို့နယ် အ.ထ.က ညောင်ဦး၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ၉/၁ဝတန်ကျောင်းသားဦးရေစုစုပေါင်း (၂၃၀) ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်၊၊
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေး အား Gender Equality Network အဖွဲ့အစည်းမှ လာရောက်တွေ့ဆုံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာ ခန်းမတွင် ဇွန်လ ၂၀ ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား Gender Equality Network အဖွဲ့အစည်းမှ ဒေါ်မေစပယ်ဖြူ ဦးဆောင်သည့် ပဲ့ကိုင်ကော်မတီဝင်များ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန နှင့် ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်တို့ ၂၀၀၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံရှိအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အတွက်အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) ရေးဆွဲခြင်းနှင့် … Read more
